ကောင်းတာလုပ်လဲ ကောင်းမြဲ မဖြစ်    (ရောမ ၉း၁၅-၁၆)
စိတ်မညစ်နှင့် အဆိုးနှင့်အကောင်း
ဤနှစ်မျိုးသည် ဆိုးကာတစ်လီ           (ဒေ ၇း၁၄)
ကောင်းချည်တစ်လှည့် ရှိနိုင်ခဲ့၏။

ကောင်းလှည့်ကြုံလာ ၊ဝမ်းပန်းသာလျှင်
ဆိုးခါနှင့် ကြုံ         စိတ်မကုန်နှင့်။       (သု ၂၄း၁၀)

လူ့ဘုံကမ္ဘာ လူ့ရပ်ရွာ၌
မွေးလာသည်မှ   သေဆုံးရတိုင်
သုခ ဒုက္ခ နှစ်ဝကို
မျှတခံစား သမ္မာတရားမို့
ဆိုးငြားသည်းခံ ကောင်းငြားစံလော့။     (က ၃း၁၆-၁၉)

ဘဝအလှည့်အပြောင်း မတိမ်းစောင်းရန်
ကောင်းသော သတိ ၊ဝိညာဉ် ဥဏ်မျက်စိဖြင့်
ဝိရီယထား      အစဉ်ဆုတောင်း၍       ( ၂၆း၄၁, ၆း၁၈)
သမ္မာတရားကို ဆင်ခြင်နှလုံးသွင်းပြီး နေတတ်ပါလျှင်
ချမ်းသာအမြဲ ရအံ့သတည်း။                 ( ၁၁၉း၉၂, ၁း၁-)

                            ခရစ်တော်၌သိမ်းပိုက်ခြင်းကင်းမဲ့သော
                                                              ကံသာ ( Kamta )

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

 
Top