၁။ ငါသည် သင်တို့၏ရောဂါကို ငြိမ်းစေသော ထာဝရဘုရား ဖြစ်၏။ (ထွက်မြောက်ရာ၊ ၁၅း၂၆)
၂။ သူသည် နာဖျား၍ တုံးလုံးနေသောအခါ ထာဝရဘုရား သည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ် တော်သည် သူ၏အိပ်ရာ ရှိသမျှ ကို လှန်ပြန်တော်မူ၏။ (ဆာလံ၊ ၄၁း၃)
၃။ သင်၏အပြစ်အလုံးစုံကိုဖြေလွှတ်၍ သင်၏အနာရောဂါကို ပျောက်စေတော်မူ၏။ (ဆာလံ၊ ၁၀၃း၃-၄)
၎။ နှုတ်ကပတ်တော်ကို ဖြေလွှတ်၍ သင်၏အနာရောဂါကို ငြိမ်းစေတော်မူသဖြင့် ဖျက်ဆီးခြင်းအရာထဲက နှုတ်ယူ တော်မူ၏။ (ဆာလံ၊ ၁၀၇း၂၀)
၅။ အနာရောဂါကိုလည်း သင်၏အထဲက နှုတ်ယူဖယ်ရှား တော်မူမည်။ (ထွက်မြောက်ရာ၊ ၂၃း၂၅)
၆။ ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင် ဆောင်ရွက်လေ၏။ (ဟေရှာယ၊ ၅၃း၎)
၇။ အသီးသည် စားစရာဘို့ဖြစ်၍ အရွက်သည်လည်း အနာ ရောဂါငြိမ်းစရာဘို့ဖြစ်သည်။ (ယေဇကျေလ၊ ၄၇း၁၂)
၈။ ငါ၏နာမကို ကြောက်ရွံ့သူတို့ကား တရားသောနေမင်း သည် အနာပျောက်စေသောအတောင်တို့နှင့် ပေါ်ထွန်း တော်မူမည်။ (မာလခိ၊ ၄း၂)
၉။ သင်၏ပဌနာစကားကို ငါကြားပြီ။ သင်၏မျက်ရည်ကို လည်း ငါမြင်၏။ သင်၏အနာရောဂါကို ငါပျောက်စေ သဖြင့် သင်၏အသက်၌ တစ်ဆယ့်ငါးနှစ်ကို ဆက်၍ပေး မည်။ (ဓမ္မရာဇ၀င်စတုတ္ထစောင်၊ ၂၀း၅)
၁၀။ ထိုအမတ်သည် ယေရှုအား မိမိသားဆီသို့<က၍ အနာ ရောဂါကို ငြိမ်းစေမည့်အကြောင်း တောင်းပန်၏။ ယေရှု ကလည်း၊ သွားလော့၊ သင်၏သားသည် အသက်ချမ်း သာရပြီ။ (ရှင်ယောဟန်၊ ၄း၅၀)
၁၁။ ယေရှုက ငါ့သမီး မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီဟုမိန့်တော်မူ၏။ (မဿဲ၊၉း၂၂)
၁၂။ အိုထာဝရဘုရား၊ ကျွန်ုပ်၏အနာကိုငြိမ်းစေတော်မူပါ။ သို့ပြုလျှင် အနာရောဂါငြိမ်းပါလိမ့်မည်။ (ယေရမိ၊ ၁၇း၁၄)
၁၃။ သေတတ်သောအနာနှင့်လည်းကောင်း သင့်ကိုကင်းလွတ် စေတော်မူမည်။ (ဆာလံ၊ ၉၁း၃)
ကျမတို့သည်လည်း နှုတ်ကပတ်တရားတော်ကို စေ့စေ့မှတ်ကြည့်ကြလျှင် သခင်ခရစ်တော်သည် ကျန်းမာခြင်းကို ပေးလိုသောအရှင်ဖြစ်ကြောင်း သိရကြမည်။ ခရစ်တော်ဘုရား သည် သနားခြင်းကရုဏာနှင့် ပြည့်စုံသောကြောင့် ကျန်းမာခြင်း ကိုပေးလိုသောအရှင်ဖြစ်ကြောင်းကို ကျမတို့သည် စိတ်ချ ယုံကြည်ခြင်းဖြင့် ဆုတောင်းရပါမည်။
ဒေါ်မိမိမြင့်
ကမာရွတ်အသင်းတော်
Post a Comment Blogger Facebook
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com