တစ်ခါက ဆင်းရဲနွမ်းပါးတဲ့ စာရေးဆရာ တစ်ယောက် ရှိပါသတဲ့။ ဘတ်စကား
စီးပြီး
စာအုပ်တိုက် ကိုသွားတဲ့အခါ၊ သူနေထိုင်ရာ ဆင်းရဲသားရပ်ကွက် ထဲက လမ်းကျဉ်း
ကလေးတွေကို ဖြတ်သန်းသွားရတဲ့ အခါ၊ သူသောက်နေကျ လမ်းဘေးလက်ဖက်ရည် ဆိုင်မှာ
ထိုင်တဲ့အခါ မြင်ရကြားရခံစားရတာတွေကို အခြေခံပြီး သူ့ကလောင်ကနေ
ဝတ္ထုအတိုအရှည် တစ်ပုဒ်ပြီးတစ်ပုဒ် မွေးဖွားခဲ့တယ်။
ပတ်ဝန်းကျင်မှာက
ဘယ်ဘက်ကြည့်လိုက်ကြည့်လိုက် ဘဝရပ်တည်ဖို့
ရုန်းကန်လှုပ်ရှားနေကြရသူတွေချည်းပဲ။ ဘယ်သူ့ အကြောင်းဖြစ်ဖြစ် အရှိအတိုင်း
ချရေးလိုက်တာနဲ့ ရသမြောက်တာချည်းပဲ။ ကုန်ကြမ်းပေါတဲ့အပေါ် မူ တည်ပြီး
စာရေးဆရာက ကြိုးစားတော့ ဘဝသရုပ်မှန် ဖြစ်ရပ်တွေကို ခြယ်မှုန်းတဲ့နေရာမှာ
သိပ်ကိုပီပြင်လာ တယ်။ ဒီလိုနဲ့ တဖြည်းဖြည်း နာမည်ရလာပြီး အောင် မြင်စပြုတဲ့
စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။
ဝင်ငွေနည်းနည်း
ကောင်းလာတော့ စာရေးဆရာက ငွေစုပြီး ဆင်းရဲသားရပ်ကွက်ထဲကနေ လူလတ်တန်း စား
တိုက်ခန်းကလေးတစ်ခုကို ပြောင်းနေတယ်။ အဆင့်အတန်းနည်းနည်းမြင့်လာပြီပေါ့။
ပူပြင်းတဲ့ နွေရာသီနေ့လည်ခင်းအချိန်တွေ၊ မိုးတွေသည်း လေတွေထန်တဲ့
မိုးရာသီအချိန်တွေမှာ သွားစရာရှိရင် အရင်တုန်းကလို ဘတ်စကား တိုးမစီးတော့ဘဲ
တက္ကစီ ကို လှမ်းတားပြီး စတိုင်ကျကျ လိုရာအရပ်ကို ဖီးထား တဲ့ ဆံပင်မပျက်၊
မီးပူတိုက်ထားတဲ့ ရှပ်အင်္ကျီမတွန့် မကြေဘဲ သွားနိုင်လာတယ်။
လမ်းဘေးလက်ဖက်ရည်
ဆိုင်မထိုင်တော့ဘဲ ဟမ်ဘာဂါဆိုင်၊ ဂျေဒိုးနပ်ဆိုင် ထိုင်နိုင်လာတယ်။
ဒါပေမယ့် အရင်ကလောက်တော့ စာရေးမသွက်တော့ဘူး။ ဝတ္ထုအတိုအရှည်ကလေး တွေ
အရှိန်မပျက်ရေးထုတ်နိုင်သေးပေမယ့် တိုက်ခန်း ကလေးနဲ့နေပြီး မကြာမကြာ
တက္ကစီစီးနိုင်တဲ့ လူတန်း စားထဲမှာ ကုန်ကြမ်းအရနည်းတယ်။ ဘဝရပ်တည်ဖို့
သေချာရေရာသူတွေရဲ့ ဖြစ်စဉ်တွေကို ရသမြောက် အောင် စာဖွဲ့ရတာ
စာရေးဆရာအတွက်ကတော့ အခက်အခဲရှိတယ်။ ဒါပေမယ့်လည်း စာရေးဆရာက ကြိုးစားတော့
အောင်မြင်တာပါဘဲ။
လူလတ်တန်းစား
ဘဝသရုပ်ဖော်ပီပြင်တဲ့ စာရေးဆရာဆိုပြီး နာမည်ပိုကြီးလာခဲ့တယ်။
နာမည်ကြီးစာရေးဆရာအဖြစ် ရပ်တည်ခဲ့တာ နှစ်အတန်ကြာလာတော့ ငွေရေးကြေးရေး
မပူပင်ရ တော့တဲ့အနေအထားကို ရောက်လာတယ်။ တစ် သက်အလုပ် မလုပ်တော့ဘဲ
ထိုင်စားနေနိုင်ရုံလောက် တင်မကဘူး၊ သူဌေးကလေးလုပ်နေလို့လည်းရတဲ့
အနေအထားကိုရောက်လာတယ်။ စာရေးဆရာကအဲဒီအခြေအနေရောက်တော့ အိမ်ထောင်ကျနေပြီ။
သားသမီးတွေလည်းရနေပြီ။
ကိုယ်ပိုင်အိမ်နဲ့ခြံ၊
ကိုယ်ပိုင်ကားနဲ့ဖြစ်နေပြီ။ လူချမ်းသာအသိုင်းအဝိုင်း မှာဝင်ဆံ့သူအနေနဲ့
လူမှုရေးကိစ္စတွေကလည်းများ တယ်။ စာရေးဖို့ ကုန်ကြမ်းတွေလည်း ရှိပါတယ်။ လူ
ချမ်းသာတွေ အကြောင်းပေါ့။ ဒါပေမယ့် စာရေးဆရာရဲ့ ကလောင်က ခက်နေတယ်။
စာအုပ်တစ်အုပ်ပြီး အောင် မကြုံစဖူး(၈)နှစ်အထိ အချိန်ယူရေးရတယ်။
အဲဒီနောက်တော့
စာရေးဆရာက ရုပ်ရှင်ဒါရိုက်တာ လုပ်ကြည့်လိုက်၊ စီးပွားရေးလုပ်ကြည့်လိုက်၊
စာပြန် ရေးဖို့ ကြိုးစားလိုက်၊ ထုတ်ဝေသူလုပ်လိုက်နဲ့ သူ့ရဲ့
လူချမ်းသာဘဝသစ်ထဲမှာ ကလောင်ပျောက်ခဲ့ပါ တော့တယ်။ချမ်းချမ်းသာသာနေထိုင်ပြီး
စာပေဂုဏ် မြောက်တဲ့စာတွေကို ရေးခဲ့တဲ့ ရေးနေတဲ့ စာရေးဆရာ
တွေလည်းရှိမှာပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက် အခြေအနေမတူကြဘူး။
သူ့အတွက်ကတော့
ဆင်းရဲ နွမ်းပါးတဲ့ဘဝမှာ ကလောင်စွမ်းအထက်ဆုံး ဖြစ်ခဲ့ တယ်။
အချို့လူငယ်တွေမှာလည်း ဒီလိုဘဲ။ ကျောင်းပြီး လို့ အလုပ်ရှာ၊ လိုချင်တဲ့
အလုပ်ကမရ၊ ရတဲ့အလုပ်က မကောင်း၊ ကောင်းတဲ့အလုပ်ထပ်ရှာ၊ လစာကကောင်း ပြန်တော့
ပင်ပန်းလွန်းလို့ လျှာထွက်မတတ်၊ ဟိုလူ့ မျက်နှာကြည့်ရ
ဒီလူ့မျက်နှာချိုသွေးရလုံးခြာလည် လိုက်ပြီး ဆင်းဆင်းရဲရဲနဲ့
ရုန်းကန်လှုပ်ရှားရင်း လူလူ သူသူနေနိုင်ဖို့ ကြိုးစားရတဲ့အချိန်တွေမှာ
လူမှုဆက် ဆံရေးပိုင်း၊ ပညာရပ်ပိုင်း အတိုးတက်ဆုံး ဖြစ်တတ် တယ်။
အောင်မြင်မှုလည်း
အထိုက်အလျောက်ရလာ ရော တစ်မူထူးခြားတဲ့ အရည်အသွေးတွေ မရှိတော့ဘဲ
အများနည်းတူ အန်ကယ်ကြီး၊အန်တီကြီးတစ်ယောက် ဘဲ ဖြစ်သွားတော့တယ်။ ဒါကြောင့်
အလုပ်အကိုင်အဆင်မပြေသေး လည်း ဘာမှအားငယ်စရာမရှိဘူး။ လူတိုင်းမှာ ထူးခြား
တဲ့အရည်အသွေးတွေ ရှိနေတယ်။ အခြေတကျ မဖြစ် သေးခင် ဆင်းဆင်းရဲရဲနဲ့
ရုန်းကန်လှုပ်ရှားရင်း ဟိုလူ့ မျက်နှာကြည့်ရ၊ ဒီလူ့မျက်နှာချိုသွေးရ အခြေအနေ
မှာ အဲဒီအရည်အသွေးတွေ ထွက်ပေါ်လာဖို့ အကောင်းဆုံး အခြေအနေကိုရနေတယ်။
ဒါကြောင့်
အဆင်မပြေတာတွေကို စာရေးဆရာရဲ့ ကုန်ကြမ်းတွေ လို သဘောထားပါ။
ရည်မှန်းချက်တွေ ဘယ်တော့မှ ပြည့်မီမှာလဲလို့ စိတ်ညစ်မနေဘဲ အခက်အခဲတွေ
စိတ်ညစ်စရာတွေထဲက အောင်မြင်မှုလမ်းစကို ရှာရင် တွေ့နိုင်မှာဖြစ်တဲ့
အကြောင်းသတိပြုစေချင်ပါတယ်။
Post a Comment Blogger Facebook
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
Emoticonခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com
Click to see the code!
To insert emoticon you must added at least one space before the code.