မေး ။ ။ ကျွန်မရဲ့ သားလေးဟာ ရေခဲ သေတ္တာထဲ ထည့်ထားတဲ့ အစား အစာတွေကို သိပ်ကြိုက် တတ် ပါတယ်။ ရေခဲမုန့်တွေ၊ သစ်သီးတွေ၊ အအေး ဖျော်ရည် တွေကို မကြာခဏစား သောက်လေ့ရှိပါတယ်။ အိမ်ကလည်း ဈေးနဲ့ တော်တော်ဝေးတော့ သူကြိုက်တတ်တဲ့ အစားအသောက် လေးတွေ စုဝယ်ပြီး ထည့်ပေးထား လေ့ရှိလို့ပ်။ အခုပြသနာက သူချောင်းဆိုးနေတာ တစ်ပတ် နီးပါး ရှိသွား ပြီ ဖြစ်ပါတယ်။ ဆေးခန်းသွားပြတော့ ဆရာဝန်က အအေး စာတွေ သိပ်မကျွေးပါနှင့် လို့မှာ လိုက်ပါတယ်။ အေးတဲ့ အစားအစာတွေက တကယ်ပဲ ချောင်းဆိုးစေပါ သလားရှင့်။ ဒါဆိုရင် ဘာလုပ် ရမလဲဆိုတာ အကြံပေးစေချင်ပါတယ်ရှင့်။ (ဒေါ်မြမြအောင် (မန္တလေးမြို့)

ဖြေ ။ ။ ချောင်းဆိုးတယ်ဆိုတာ ဟာ အမှန်တကယ်တော့ ရောဂါ တစ်ခုခုရဲ့ ဝေဒနာတစ်ခုမျှသာ ဖြစ်ပါ တယ်။ ဒါကြောင့် ဘာကြောင့်ချောင်း ဆိုးရတာလဲဆိုတဲ့ အဖြေ သို့မဟုတ် ရောဂါနာမည်မှန်ကို ရှာဖွေရန် လို အပ်ပါတယ်။ တာရှည်ချောင်းဆိုးလေ့ရှိ သော ကလေးအများစုမှာ အသက်ရှူ လမ်းကြောင်းအပေါ်ပိုင်းနှင့် အောက် ပိုင်းတစ်လျှောက် ဓာတ်မတည့်မှု ဖြစ် လေ့ရှိပါတယ်။ အထူးသဖြင့် မကြာ ခဏ ချောင်းဆိုးတတ်ပါက ရင် ကျပ်ပန်းနာ အပျော့စားရောဂါ သို့ မဟုတ် နာတာရှည်ဓာတ်မတည့်မှု ကြောင့် လေဂလိုင်ခေါင်းများ ရောင် ရမ်းတဲ့ရောဂါ ဖြစ်တတ်ပါတယ်။ အဲဒီလိုရောဂါမျိုးဖြစ်ပွားပါက သီးသန့် ကုသမှုစတင်ခံယူရန် လိုအပ်ပါတယ်။ အမှန်တော့ အအေးစာတွေလို့ ပြော လေ့ရှိတဲ့ ရေခဲသေတ္တာထဲ ထည့်ထား တဲ့ အအေး၊ အချိုရည် အစားအစာ တို့ကြောင့် ချောင်းဆိုးတယ်ဆိုတာက အနည်းငယ်မျှသာဖြစ်ပါတယ်။ကလေး အများစုမှာ အသက်ရှူလမ်းကြောင်း ဓာတ်မတည့်လို့ ချောင်းဆိုးခြင်းဟာ အအေးသောက်ခြင်း၊ အေးတဲ့အစား အစာများစားခြင်းတို့အပေါ်သက်ရောက် လွှမ်းမိုးမှု မရှိလှပါ။ ဒါကြောင့် အအေး၊ အချိုရည်များ၊ အေးသော အစားအ သောက်များကို ရှောင်ဖို့မလိုပါ။

မေး ။ ။ ဒေါက်တာခင်ဗျား၊ ကျွန်တော့်မှာ မကြာခဏ နှာ ချေး နှာစေးလေ့ရှိပြီး ဒါဟာ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တာလို့ သိရပါတယ်။ ဒီရောဂါဟ မျိုးရိုးလိုက်ပြီး ကျွန်တော့်ကလေး တွေ အထိခံစားနေရမလားလို့ စိုးရိမ် မိပါတယ်။ (ဥိးကျော်ကျော်(ဗဟန်း)
ဖြေ ။ ။ ဓာတ်မတည့်ရောဂါဆို လျှင်တော့ မျိုးရိုးလိုက်လေ့ရှိပါတယ်။ သားသမီးတွေထိတိုင်အောင် လက် ဆင့်ကမ်းအမွေ ရောဂါဖြစ်သွားနိုင်ပါ တယ်။ အမေမှာ ဓာတ်မတည့်ရောဂါ ရှိသူဆိုပါက မျိုးရိုးလိုက်နိုင်ခြေ ၅၀ ရာခိုင်နှုန်း၊ အဖေမှာ ဓာတ်မတည့် ရောဂါရှိသူဆိုပါက မျိုးရိုးလိုက်နိုင်ခြေ ၄၀ ရာခိုင်နှုန်းနှင့် အဖေနှင့် အမေ နှစ်ဦးစလုံး ဓာတ်မတည့်ရောဂါရှိသူ များဖြစ်လျှင် သားသမီးမှာ ၈၀ ရာခိုင်နှုန်း မျိုးရိုးလိုက်နိုင်တယ်လို့ သိရပါတယ်။ လေဂလိုင်ခေါင်းများမှာ ဓာတ်မတည့်မှု ဖြစ်ပေါ်ခြင်းကြောင့် နှာချေနေတဲ့ ရောဂါဟာ ဖုန်၊ အမှုန် အမွှားတွေနဲ့ ဓာတ်မတည့်လို့ဖြစ်လေ့ ရှိတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ သို့သော် သူ့ကုသိုလ်ကံနှင့်သူမို့ မိဘမှာဖြစ်တိုင်း သားသမီးတွေမှာလည်း ဖြစ်ပေါ်ခံစားရ လိမ့်မယ်လို့သေချာပြောနိုင်ရန်မလွယ် လှပါ။ ဒါကြောင့် အိမ်ပတ်ဝန်းကျင် ကို အမြဲသန့်ရှင်းနေစေရန် ထိန်းသိမ်း ထားပြီးကလေးငယ်၏အသုံးအဆောင် မှန်သမျှ မကြာခဏ ပုံမှန်လျှော်ဖွပ် ခြင်း၊ နေပူလှန်းပေးခြင်းများ ပြုလုပ် ပေးစေလိုပါတယ်။

မေး ။ ။ ဆရာမရှင့် ကျွန်မက ကလေးကိုမွေးပြီး ၃ပတ်လောက်ထိ နို့တိုက်ခဲ့ပါတယ်။ ဒါပေမယ့် ၄ပတ်မြောက်မှာ ကလေးက နို့မစို့တော့ပါ။ အရင်က မိခင်နို့စို့ပေမယ့် ယခု မစို့တော့ပါဘူး။ သူ့ကို နို့တိုက်ဖို့ နို့သီးခေါင်း သူ့ပါးစပ်ထဲထည့် လိုက်တာနဲ့ ငိုတော့တာပါဘဲ့။ အဲဒါဟာ ဘာကြောင့်ပါသလဲရှင့်။ ကျွန်မမှာ ရော၈ါ တစ်ခုခုရှိနေလို့ပါလားရှင့်။ (ဒေါ်မိမိ(ရန်ကင်း))
ဖြေ ။ ။ မွေးကင်းစကလေးငယ် တစ်ဦးဟာ ၃ ပတ်လောက်ထိ နို့စို့ ပြီးမှ နို့စို့ရန်ငြင်းတယ်ဆိုတာ ဖြစ်လေ့ ဖြစ်ထ မရှိတတ်ပါ။ သို့သော် ကလေး မွေးပြီး ၄ ပတ်ကြာချိန်ဆိုလျှင် နို့တိုက် မိခင်၏ ရင်သားများတွင် နို့များပြည့် လျှံပြီး တင်းနေတတ်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ နို့ထွက်တာတောင် ပန်း ထွက်တတ်ပါတယ်။ ကလေးငယ်ရဲ့ ပါးစပ်လေးကသေးတော့ သူ့ခမျာ မိခင်နို့်အများကြီးကို ရုတ်တရက် မမျိုချ နိုင်၊ အသက်မရှူနိုင်ဖြစ်ပြီး ငိုတာ မျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီ့အပြင် ကလေးငယ်အား နို့မတိုက်မီ မိခင်ရဲ့ နို့သီးခေါင်း နူးညံ့ပျော့ပျောင်းမှု ရှိ၊ မရှိကိုလည်း စစ်ဆေးကြည့်ပါ။ နို့ ပေးပါ။ တင်းနေပါက နို့များအား ညှစ်ထုတ်ပစ်လိုက်ပြီး ရင်သား နူးညံ့ ပျော့ပျောင်းသွားပါမှ ကလေးငယ အား နို့တိုက်ပေးကြည့်ပါ။ နို့သီး ခေါင်း နူးညံ့ပျော့ပျောင်းမှုရှိမှ ကလေး ငယ်နို့စို့ရတာ ပိုမိုလွယ်ကူစေနိုင်ပါ တယ်။ ကလေးငိုတယ်ဆိုတာ ဗိုက် ဆာရင်၊ အိပ်ချင်ရင် ငိုတတ်တာမျိုး လည်းရှိပါတယ်။ နို့ထွက်များတဲ့ မိခင်ဖြစ်လျှင် ကလေးကို နို့တိုက်တဲ့ အခါ ကလေးဦးခေါင်းအား အပေါ်ကို ထောင်ထောင်မတ်မတ်ထားပေးခြင်း၊ ရင်သားတစ်ဖက်မှ အခြားတစ်ဖက်သို့ ပြောင်း၍နို့တိုက်ခြင်းစသည်ဖြင့် အနေ အထားကို ပြုပြင်ပေးကြည့်ပါ။ တချို့ ကလေးငယ်များမှာ မိခင်ရင်ခွင်ထဲနေ ရတာကိုနွေးထွေးပြီးသက်သောင့်သက် သာပိုရှိတဲ့အတွက် ရင်ခွင်ထဲနေရတာ ကို ကြိုက်နှစ်သက်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ မိသားစုထဲ ဒေါ်မိမိရဲ့မိခင် သို့မဟုတ် အဒေါ် သို့မဟုတ် ရင်းနှီး တဲ့ မိတ်ဆွေများထဲမှ အတွေ့အကြုံရှိ ပြီးသားမိခင်များနှင့် ဆွေးနွေးမေးမြန်း ကြည့်ပါ။ သူတို့ အတွေ့အကြုံတွေကို ပြောပြပါလိမ့်မယ်။ �
ဒေါက်တာဖြူပြာနွယ်

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

 
Top