အပြစ်တရား၏အကျင့်၊ ပညတ်တရား၏အကျင့်
ယုံကြည်ပြီးသူများတွင် ၂ပိုင်းရှိသည်။ ကြိုးစားပြီးကျင့်ကြံနေသူ အုပ်စုများရှိသလို၊ ကျေးဇူးတော်ကြောင့်ကြိုးစားစရာမလိုတော့ ..ဟူသောအုပ်စုလည်းရှိပါသည်။ ယခုပြောမည့်အကျင့်မှာ ကျေးဇူးတော်အကျင့်ကိုလိုသည်။

ဂလာတိ ၂း၁၅  လူတို့သည် ပညတ်တရား၏အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်။
မသဲ၅း၂၀ သင်တို့ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သောအကျင့်ထက် မလွန်မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်ဆို၏။

လူ့အကျင့်ဖြင့် အသက်ရှင်ခြင်းမဟုတ်၊ ဘုရားဝိညာဉ်တော်အားဖြင့် အသက်ရှင်ရမည်။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်းတို့ကို အလိုအလျှောက်သိရှိ လုပ်ဆောင်ခြင်းကို ကျေးဇူးတော်အကျင့်ဟု ခေါ်သည်။ အလှုငွေထည့်ခြင်း အကျင့်..ထည့်ပုံထည့်နည်းတွင် မိမိရှိသမျှသည် ဘုရားပိုင်သည်ဟု အသိတရားရှိခြင်းဖြစ်သည်။

အကျင့်ကို အင်္ဂလိပ်လို Work (အလုပ်) ဟုသတ်မှတ်ပါက အောက်ပါ လုပ်ဆောင်ချက်များကို ကြည့်ပြီး အကျင့်ကောင်းသလား ဆုံးဖြတ်လေ့ရှိသည်။
ဆောင်ရွက်ချက် Deed
လှုပ်ရှားမှု Action
စရိုက် Conduct
စာရိတ္တ  Character
အပြုအမူ Behavior
သီလ Virtue
ကျင့်ဝတ် Ethic


ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ..၁ကော၁၃ တွင်ဖေါ်ပြထားချက် ကျေးဇူးတော်အားဖြင့် ဖြစ်လာသော ယုံကြည်ခြင်း (အကျင့်ကျင့်ခြင်း)၊ မျှော်လင့်ခြင်း (ကြိုးစားအားထုတ်ခြင်း)၊ မျှော်လင့်ခြင်း (တည်ကြည်ခြင်း)  တို့ဖြစ်ပေါ်လာသည်။ လူတို့တွင်ရှိသော ကောင်းမြတ်သောအကျင့်များ အကျင့်အမျိုးမျိုးကို လေ့လာဟောပြောခဲ့သည်။

မတရားသောမေထုံ၊ ကိလေသာတက်မက်ခြင်း၊ သာသနာပလူတို့ကဲ့သို့ မကောင်းသောအကျင့်များကို သတိထားဖို့ဖြစ်ကြောင်း၊

သန့်ရှင်းသော၊ သူ့တပါးနှစ်သက်ဖွယ်အကျင့်များ၊ ဝိညာဉ်ဆုကျေးဇူးများ အကြောင်းကိုရှင်းလင်းပြောကြားပါသည်။  ဂလာတိ ၅း၂၂   ဝိညာဉ် ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။

ဒေါ်ကာဆိုသူ အပ်ချုပ်လုပ်ကိုင်သော ဘုရားတရားနှင့်မွေ့လျော်သူ၊ မုဆိုမဖြစ်သည်။ သူသေသောအခါ လူများ ဝမ်းနည်းရသည်။ သူပြုသောကျေးဇူးကို လူအများခံစားရသည်။ သူအဝတ်ချုပ်တတ်သည်။ မိမိတို့တွင်လည်း ဆုကျေးဇူးများရှိသည်။ ချက်ပြုတ်တတ်၊ လူများကိုကူညီတတ်သူများ ရှိပါသည်။ ထိုသို့သောသူများ သေဆုံးသောအခါ ဝမ်းနည်းရသည်။ ရှင်ပေတရုက ရောက်လာပြီး ပြန်လည်ရှင်ပြန်ထမြောက်စေခြင်းကို ဥပမာပြောသွားသည်။ ဘုရားသခင် အားလုံးကိုကောင်းကြီးပေးပါစေ...ပြောဆိုကာ၊ ကျေးဇူးတော်ကျင့်ဝတ် ဟောပြောချက်ကို နိဂုံးချုပ်ပါသည်။
16 Jan 2015

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top