ယုံကြည်သူတိုင်းအတွက်ဘုရားသခင်၏နှုတ်ကပတ်တော် (သြဝါဒ)
၁။ ဘုရားသခင်၏အကြံအစည်
၂။ ဘုရားသခင်၏အလိုတော်
၃။ ဘုရားသခင်၏အခွင့်တော်
၎။ ဘုရားသခင်၏ဂတိတော် ... ဆိုတဲ့အချက်(၄)ချက်ကိုလေ့လာကြပါမယ်။
.
1. * ဘုရားသခင်၏အကြံအစည် ဆိုတာဘာလဲ မေးချင်ပါတယ်။ ဖြေကြပါ။ ... လူသားတွေကိုဘုရားနဲ့မိတ်သဟာရပြုဖို့ ပြန်လည်ရွေးကောက်လိုတါံ အကြံစည်ဖြစ်ပါတယ်။ ဟိုး.. အာဒံ၊ဧဝ ကို ဘုရားသခင်နဲ့မိတ်သဟာရပြုဖို့ ဖန်ဆင်းထားပေမဲ့၊ အာဒံရဲ့အပြစ်ကြောင့် လူသားတွေ လမ်းလွှဲသွားရပါတယ်။ လူသားတွေကို ဘုရားနဲ့တဖန်မိတ်သဟာရ ပြုဖို့ ဘုရားသခင်က က္ကုသရေလလူမျိုး (အစ္စရေးလူမျိုး)တွေကို ပထမဆုံးရွေးကောက်ပြီး ဘုရားသခင်ရဲ့အကြံစည်ကို အကောင်ထည်ဖေါ်ခဲ့ပါတယ်။ က္ကုသရေလ လူမျိုးများဟာ ဘုရားသခင်ကို အလွန်အားကြီးစွာ ကိုးကွယ်ဝတ်ပြုကြပါတယ်။ ဥာဏ်ပညာ၊ငွေကြေးများကို အံ့မခန်း ကောင်းကြီးတွေရရှိလာပြီး ဘုရားကိုပုန်ကန်၊ လယ်ပင်းခိုင်မာလို့ ၊ ဘုရားစကားကို နားမထောင်ပဲ ငွေ၊ရုပ်ထုပစ္စည်းများကိုးကွယ်ခြင်း...စတဲ့ အပြစ်တွေ လုပ်လာပါတယ်။ ဘုရားသခင်ရဲ့ဆုံးမခြင်းများစွာ ခံကြရပါတယ်။
.
နှုတ်ကပ်တ်တော် သခင်ယေရှု ပထမဆုံး ဟောကြားတဲ့ တောင်ပေါ်ဒေသနာ မသဲ ၅၊ ၆၊ ၇ တွေကို ဖတ်ရှုလေ့လာရင် ဘုရားသခင်ရဲ့ အကြံစည်တွေ အတိလင်း ရေးသားထားပါတယ်။ ဝိညာဉ်ရေး ကြီးထွားအောင် မသဲ ၅ ရေးသားထားပါတယ်။ မသဲ ၆၊ ၇ တွေမှာတော့ ခန္တာ၊ စိတ်ပိုင်းဆိုင်ရာ ဘုရားသခင်ရဲ့ အကြံစည်များကို ဖေါ်ပြပါတယ်။ ဖတ်ကြည့်ပါ။ ခြုံပြောမယ်ဆိုရင် ဘုရားသခင်နဲ့မိတ်သဟာရ ပြုနိုင်ဖို့ ကိုယ်၊စိတ်၊ဝိညာဉ် အကြောင်းကို သခင်ယေရှုပြောခဲ့ပါတယ်။ ဂလာတိ ၂း၂၀ မှာလည်း သင်တို့အားငါရေး၍ကြားသည်တွင် မုသာစကားကို ငါမပြောမသုံးစု ဘုရားသခင်ရှေ့၌ ငါဆိုသည် ..လို့ဖေါ်ပြထားပါတယ်။
.
.
2. * ဘုရားသခင်ရဲ့အလိုတော် ကိုဆွေးနွေးရင်၊ လူ့အလိုကိုပဲ ဘုရားသခင်ဆီ တောင်းနေကြတာကို တွေ့ရပါတယ်။ ကိုယ်တော် ..ဖြစ်စေပါ၊ ရစေပါ၊ ဘုရားအလိုတော်နှင့် ကျွန်ုပို့အလို ကိုက်ညီစေပါ ..တသွင်သွင်၊ ကိုယ့်အလိုချည်း တနာရီလောက် ဆုတောင်းဆိုပြီး၊ နောက်ဆုံးပိတ်မှ ဘုရားအလိုတော်အတိုင်းဖြစ်စေပါလို့ ..ပိတ်ပြီး ဆုတောင်းတတ်ကြပါတယ်။ အသက်တာပြောင်းလဲဖို့ ဆုတောင်းနည်းတွေ အဆင့်တက်ရပါဦးမယ်။ တကယ်တော့ ဘုရားသခင်က ပိန်လှီသော ဝိညာဉ်များကို ဝဖြိုး၊ တိုးတက်စေဖို့ အလိုရှိပါတယ်။ လောကအရာများက နောက်မှ ဖြစ်ပါတယ်။ ..ဖြစ်စေပါ၊ ဘုန်းကြီးပါစေ... စသဖြင့် ဆုတောင်းတတ်ကြပါတယ်။ ဘုရားသခင်က ဘုန်းကြီးပြီးသားဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းခြင်းများစွာ လုပ်ရပါတယ်။ ဘုရားအလိုတော်နဲ့ အညီ ဆုတောင်းခြင်းက ဘုန်းတန်ခိုးကြီးမြတ်တော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို၊ ချီးမွမ်းဆုတောင်းပါသည် ..လို့ ဖြစ်ရမှာ၊ ဘုရားသခင်က ကျွန်တော်တို့ဆီက ဘာမှမလိုပါဘူး။ သူ့စကားနားထောင်ပြီး၊ သူနဲ့မိတ်သဟာရပြုနိုင်ဖို့ အလိုတော်ရှိပါတယ်။ လောကအရာ ငွေ၊ အလုပ်ကိုင်၊ ကျမ်းမာခြင်း၊ အဆင်ပြေခြင်းများ တောင်းကြတာ လူ့သဘာဝ၊ ဖြစ်လို့ တောင်းနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို နားလည်ဖို့၊ ကျေးဇူးတော်နဲ့နှုတ်ကပတ်တော်ကို နားလည်၊ ဖတ်ရှု၊ လိုက်နာဖို့ ဘုရားသခင်ပိုပြီး အလိုတော်ရှိပါတယ်။ မသဲ ၁၈၊ ၁၉ ကိုအတူဖတ်ကြရအောင်၊ .... ကလာတိ ၄း၎ ကိုလည်း လိုက်ဆိုကြပါ။ ..ပညတ်တရားလက်၌ ရှိသောငါတို့ကို ရွေးနှုတ်စေခြင်းငှာ သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူသည်။ ....
.
(မိမိအလိုအတိုင်း ဖြစ်မလာသောအခါ စာတန်မာနတ်ကို အပြစ်ပုံချသောကြောင့် လူတွေ ကိုယ့်အလိုအတိုင်းလိုက်လုပ်၊ ဒုက္ခရောက်တော့ စာတန်ကိုအပြစ်ပုံချသောကြောင့် စာတန်မာနတ်သည်ပင် လူတွေကို ပုန်းရှောင်နေရသည်၊ စာတန်ငိုရသည်။ အချို့ပိုဆိုးသူများက ကိုယ့်အလိုတိုင်း လုပ်ပြီး ဒုက္ခရောက်သည်ကို မိမိအပြစ်ကိုမမြင်ပဲ..ဘုရားသခင်ဆုံးမသည်ဟု .. ထင်ကြပုံများကို ရယ်မောစရာ အပြန်လှန်ဆွေးနွေးကြပါသည်)။
.
.
3. * ဘုရားသခင်၏အခွင့်တော်
တခါတ၇ံ ဘုရားသခင်က အခွင့်ပေးသောကြောင့် တကယ်မှန်ကန်ဖြောင့်မတ်သော်လည်း၊ စာတန်ကို အခွင့်ပေးခဲ့ရမှု၊ ရှားရှားပါးပါး အဖြစ်များ ရှိပါသည်။ အကောင်းဆုံး ဥပမာ.. ယောဘဝတ္တု တွင် ဘုရားသခင်ကို ဖြောင့်မတ်စွာကိုးကွယ်သော ယောဘ၊ စာတန်က ပစ္စည်းဥစ္စာ၊ သားသမီးများဆုံးရှုံးစေခြင်းပါသည်။ ဘုရားက အခွင့်ပေးသည်။ ယောဘက ဘုရားသခင်ကို ဆက်လက်ကိုးကွယ်ဆဲဖြစ်သောအခါ၊ စာတန်က ဘုရားသခင်ကို ခွင့်တောင်းပြီး၊ ရောဂါ၊ အနာများ ပြည်လောက်ကောင်များဖြင့် လူကိုမထနိုင်အောင် လဲစေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအားကြီးသော ယောဘ၊ ဘုရားသခင်ကို ဆက်လက်ကိုးကွယ်ဆဲဖြစ်သည်။ ထိုအကြောင်းရာကို..နားလည်ပါက၊ ဘုရားသခင်၏ အခွင့်တော်ကို သဘောပေါက်နိုင်ပါသည်။ တောင်းတိုင်းရမည် မဟုတ်ပါ။ ကောင်းကြီးများကို တောင်းခံရာတွင် ဘုရားသခင်အလိုတော်နှင့် ရရှိစေသလို၊ ဆင်းရဲဒုက္ခများလည်း တခါတရံ မိမိကြောင့်မဟုတ်ပဲ ဘုရားသခင်အခွင့်တော် ပေးသောကြောင့် ဖြစ်ရသည်။
.
.
4. * ဘုရားသခင်၏ ဂတိတော်
လူသားများနှင့် ဘုရားသခင် ပဋိညာဉ်အဖြစ် ဂတ်တော်များစွာ ရှိပါသည်။ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ ဂတ်တော်အားဖြင့် လူသားများအတွက် ပေးထားသော လက်ဆောင်မွန်ဖြစ်သည်။ လူသားများကို အပြစ်လွှတ်ပေးရန် သားတော် သခင်ယေရှုကိုလည်း ဂတ်တော်ပေးထားသည်နှင့် အညီ လောကသို့ စေလွှတ်၊ အသေခံစေပါသည်။ ဓမ္မဟောာင်း ဟေရှာယ ၅၃တွင် ယေရှုကို စေလွှတ်၊ အသေခံစေမည်..ဟု ယေရှုမကြွခင် နှစ်ပေါင်း ၇၀၀လောက်ကတည်းက ဂတိပေးထားခဲ့သည်။ သခင်ယေရှုအားဖြင့် ကျမ်းစာတော်မြတ်သည် ပြည့်စုံသွားသည်၊ ဓမ္မဟောင်းကျမ်းစာကို သခင်ယေရှုလုပ်ဆောင်မှုများဖြင့် ဓမ္မသစ်ကျမ်းစာအဖြစ် ပြည့်စုံစေသည်။
.
ဧဖက် ၆း ၁၀-၁၈တွင် ဘုရားသခင်၏ ကတိတော်ဖြင့် ပေးအပ်ထားသော လက်နက်တံဆာပလာများ ရှိသည်။ အားလုံးသည် မိမိကိုယ်ကို စာတန်နှင့်ဇာတိ နှောက်ရှက်မှုများမှ ကာကွယ်ရန်ဖြစ်ပြီး နှုတ်ကပတ်တော်တည်းဟူသော ဓါး သည်သာလျှင် ပြန်လည်တိုက်ခိုက်နိုင်သော လက်နက်ဖြစ်သည်။ ဘုရားသခင် ဂတိတော်အားဖြင့် ပြင်ဆင်ပေးသော လက်နက်စုံ အင်္ဂလိပ်လို Armor of God လို့ဆိုပါတယ်။ ...
-သစ္စာတည်းဟူသော ခါးပန်းကို စည်း၊
- ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်
-ဧဝံဂေလိခြေစွပ် (ဧဝိဂေလိလုပ်ဆောင်ခြင်းဖြင့် ငြိမ်သက်ခြင်းရရှိခြင်း)
-ယုံကြည်ခြင်းဒိုင်းလွှား (မာနတ်ပစ်ခတ်မှုကို ကာကွယ်နိုင်သောလွှား)
-ကယ်တင်ခြင်းဆိုသော ခမောက် (Helmet သံဦးထုပ်)
-ဘုရားသခင်၏နှုတ်ကပတ်တော် ဟူသော ဒါးလက်နက်
-ဆုတောင်းခြင်း . စသည်တို့ဖြစ်ပါတယ်။
.
ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပြီးရင်၊ ရန်သူ စာတန်မာနတ်ကို ပြန်လည်တိုက်ခိုက်ဖို့ နှုတ်ကပတ်တော် ဆိုတဲ့ ဓါးလက်နက်၊ ဘုရားသခင်ရဲ့ ကတိတော်အရ ပေးထားပြီးဖြစ်ပါတယ်။ ဖတ်ရှု အားယူ၊ ရဲရင့်ကြရပါတယ်။ (ယောရှု ၁)။
.
.
ကျမ်းစာတော်မြတ်၊ သြဝါဒ ဆိုတာ အဲဒီလေးချက်ကို မူတည်ထားပါတယ်။ ကမ္ဘာဦးကျမ်းကနေ နောက်ဆုံး ဗျာဒိတ်ကျမ်းအထိ ဘုရားသခင်ရဲ့အကြံစည်၊ ဘုရားသခင်ရဲ့ အလိုတော်၊ ဘုရားသခင်ရဲ့ အခွင့်တော်နဲ့ ဘုရားသခင်ရဲ့ ကတိတော်များကို ရေးသားထားပါတယ်။
.
ဘုရားသခင်ကို မြင်ဖို့၊ *ဘုရားသခင်ဖန်ဆင်းထားတဲ့ သဘာဝ၊ တော်တောင်၊ တိရိစ္ဆာန်၊ ကျေးဌက်များကို ကြည့်ရင် အံ့သြစရာကောင်းပါတယ်။ ဒီအခန်းထဲမှာတော့ ဘုရားသခင်ဖန်ဆင်းထားတာ ..ဘာရှိသလဲ။ အားလုံး လူဖန်ဆင်းထားတာပဲ မြင်ရပေမဲ့၊ ဘုရားသခင်ရဲ့ အကြီးမြတ်ဆုံးဖန်ဆင်းထားတဲ့ ကျွန်တော်တို့ လူသားတွေ ရှိနေပါတယ်။ လူတွေရဲ့ အသက်ရှု၊ မျက်စိ၊ နား၊ နှလုံး၊ သွေလည်ပတ်မှုများဟာ အလွန်အံ့သြစရာအကောင်းဆုံး ဖန်ဆင်းခြင်း ဖြစ်ပါတယ်။ *ဘုရားသခင်ရဲ့သားတော်၊ သခင်ယေရှု လောကကိုဆင်းသက်ပြီး၊ လက်ဝါးကပ်တိုင်မှာအသေခံပြခြင်း၊ အပြစ်လွှတ်ခြင်း၊ ရောမ ၅း၈ ..အပြစ်ရှိစဉ်ပင် ခရစ်တော် ငါတို့အတွက်အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့အား အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူသည်..လို့ေ၇းထားပါတယ်။ ကျမ်းပိုဒ်တွေလဲ အလွှတ်ရအောင် လုပ်ကြပါ။ *နောက်ဆုံးတခုကတော့ ဘုရားသခင်ရဲ့ ကျမ်းစာတော်မြတ် ဖြစ်ပါတယ်။ ဓမ္မဟောင်း၊ ဓမ္မသစ် ၆၆ကျမ်းကို ပေးထားခဲ့ပါတယ်။
.
အပြန်လှန်မေးမြန်းမှုများ၊ ရှင်းလင်းချက်များဖြင့် အဆုံးသတ်ပြီး၊ ဆုတောင်းခြင်း၊ သီချင်းသီဆိုခြင်းမြင့် ကျမ်းစာလေ့လာခြင်းကို ရပ်နားပါသည်။
.
Note:
ဆရာချိုမနာလိန်း (Rev, DD) သည် မြန်မာနိုင်ငံ ဝိုင်စီ YC Young Crusader အသင်းတော်မှာ ကျမ်းစာသင်တန်းကျောင်းအုပ် အဖြစ် အမှုထမ်းဆောင်ခဲ့ပြီး၊ မလေးရှားနိုင်ငံ ပီနန်ကျွန်း၊ မလေးရှားရောက် မြန်မာများအား သင်းအုပ်အဖြစ် နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့သည်။ ပီနန် နှစ်ခြင်းကျမ်းစာကျောင်း၊ အမေရိကန်နိုင်ငံကျမ်းစာကျောင်းများသို့ ရောက်ရှိ၊ ကျမ်းစာများကို လေ့လာ၊ ပို့ချနေသူဖြစ်သည်။ လက်ရှိ C.O.S စင်ကာပူ၊ အသင်းတော်တွင် သင်းအုပ်အဖြစ် အမှုဆောင်ရင်း၊ East Bible School နှင့်အခြားကျမ်းစာကျောင်းများတွင် ကူညီ၊ ကျမ်းစာကျောင်းသားများအတွက် လက်တွေ့လုပ်ဆောင်မှု၊ ကျမ်းစာ ပို့ချနေသူဖြစ်သည်။ 

ဓါတ်ပုံများ .. C.O.S Ministry, Peninsula Shooping Center, (Not Plaza) 4th story room, Book Library, and some view of Peninsula St. Andrew, Peninsula Plaza view..etc.

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

 
Top