အခြေပြုကျမ်း-ဟေဗြဲ ၉း၂၂.
ခရစ်တော်သွန်းခဲ့တဲ့ အသွေးတော်ဟာ ကျွန်တော်ကျွန်မ အယောက်စီတိုင်းရဲ့ မျိုးဆက်ကျိန်စာ တွေအားလုံးကိုချေဖျက်ပေးတဲ့ တခုတည်းသောအသွေးတော်ဖြစ်တယ်။ ခရစ်တော်ဟာ ဘယ်လိုပုံစံမျိုးနဲအသွေးသွန်းခဲ့တာလဲ? အဲဒီ့အသွေးသွန်းလောင်းခြင်းက ဘာတွေလုပ်ပေးသွားလဲ?
1) အရေဖျားလှီးခြင်းမှသွန်းသော အသွေးတော် လုကာ ၂း၂၁-၂၃.
ယေရှုခရစ်တော်ဟာ ဖွားမြင်ပြီး ၈ရက်အကြာမှာ ယုဒဘာသာထုံးတမ်းအရ အရေဖျားလှီးခြင်း မင်္ဂလာ ခံယူခဲ့တယ်။ အဲ့အချိန်မှာသွန်းတဲ့အသွေးတော်ဟာ ပညတ်တရားအောက်မှာ ရှိတဲ့ အမင်္ဂလာ အားလုံးကိုချေဖျက်ပေးတဲ့အသွေးတော်ဖြစ်တယ်။
2) ဂေသရှေမန်ဥယျာဉ်မှသွန်းသောအသွေးတော်လုကာ ၂၂း၂၄.
ကားတိုင်ပေါ်တက်ခါနီး ခမည်းတော်ဘုရားရဲ့ အမျက်တော်ခွက်ဖလားမှ လွှဲခွင့်ရဖို့ဆုတောင်းစဉ်ကာလ၊ ဒါပေမဲ့ ခမည်းတော်ဘုရးရဲ့အလိုတော်ကိုဝန်ခဲ့တယ်။ ကြီးမားခက်ခဲပြီးမဖြစ်ချင်တဲ့အရာအတွက်ဝန်ခံတဲ့အချိန်မှာ ချွေးကသွေးကဲ့သို့ထွက်လာတာဖြစ်တယ်။ ဒီအသွေးတော်က ဇာတိအရာမှာမလွတ်မြောက်နိုင်တဲ့အရာတွေ၊ အလိုဆန္ဒမငြင်းပယ်နိုင်မှုတွေအတွက်အနိုင်ယူချေဖျက်ပေးတဲ့အသွေးတော်ဖြစ်တယ်။
3) ဆူးပင်နှင့် ရက်သော ဦးရစ်ကြောင့် ခေါင်းပေါ်မှသွန်သောအသွေးတော်မသဲ ၂၇း၂၉.
ဒီအသွေးတော်ဟာ ကိုယ့်ရဲ့ ခေါင်းမာမှု၊ မသန့်ရှင်းတဲ့အတွေးအခေါ်၊ ကြံစည်မှုတွေအတွက်ချေဖျက်ပေးတဲ့အသွေးတော်ဖြစ်တယ်။ ဒါ့အပြင် ဆူးပင်ဆိုတာအာဒံနဲ့ဧဝအပြစ်လုပ်ပြီးနောက်ဘုရားသခင်ကျိန်တဲ့အချိန်မှာ မြေကြီးပေါ်မှာပေါက်ဘာတဲအပင်ဖြစ်တယ်။ ကျိန်ခြင်း အမင်္ဂလာ ရဲအမှတ်အသားဖြစ်တယ်။ ဒါကြောင့်အသွေးတော်ဟာ ကမ္ဘာမြေကြီးရဲ့ ကျိန်ခြင်း အမင်္ဂလာ ကိုချေဖျက်ပေးတဲ့အသွေးသွန်းခြင်းလည်းဖြစ်တယ်။
4) ခန္ဓာကိုယ် ဒဏ်ရာဒဏ်ချက်မှ သွန်းသောအသွေးတော်မသဲ ၂၇း၂၆.
ကမ္ဘာပေါ်မှာ လူတွေ ဖြစ်တဲ့ ရောဂါ ပေါင်း ၃၉ မျိုးဟာ ဒဏ်ချက်တော် ၃၉ချက်အားဖြင့် ချေဖျက် အနိုင်ယူပြီးဖြစ်တယ်။ ခရစ်တော်သွန်းခဲ့တဲ့အသွေးတော်ဟာ အနာရောဂါတွေအားလုံးပျောက်ဖို့လုံလောက်တယ်။
5) လက်တော်မှ သံချက်ရာကြောင့်သွန်းသောအသွေးတော်
မသဲ ၂၇း၃၅.
လက်နဲ့လုပ်မဲ့ အပြစ်တွေအားလုံးအတွက်ချေဖျက်ပြီးတဲ့အပြင် ဘုရားသခင်ဆီမှ အမွေတော်၊ ဝိညာဉ်ဆုကျေးဇူး၊ ကောင်းကြီးတွေလက်ခံရရှိဖို့သွန်းသောအသွေးတော်ဖြစ်တယ်။
6) ခြေတော်မှ သံချက်ရာကြောင့် သွန်းသောအသွေးတော်မသဲ ၂၇း၃၅.
မကောင်းမှုသွားတဲ့နေရာ ကိုသွားတဲ့ အပြစ်ကိုဆေးကြောပေးတယ်။ ပထမအာဒံကြောင့် ဆုံးရှုံးရခဲ့သမျှ နောက်ဆုံး အာဒံ က ပြန်ယူပေးတာဖြစ်တယ်။ ကမ္ဘာကြီးပေါ်မှာ ဆုံးရှုံသွားတဲ့အခွက့်အာဏာကို လက်ဝါးကပ်တိုင်မှာ ရယူပြီးနောက်သူ့ကိုယြုံကည်တဲ့သူတွေကို လက်ဆင့်ကမ်းပေးတဲ့အသွေးတော်ဖြစ်တယ်။
7) နံဘေးတော်မှလှံနှင့်ထိုးဖောက်၍ သွန်းသော အသွေးတော် ယော ၁၉း၃၄.
ညဉ်းပန်းနှိပ်စက်မှုတွေခံရပြီးနောက် ခရစ်တော်ရဲ့ ခန္ဓာကိုယ်မှာ သွေးတွေကုန်သလောက်ဖြစ်နေပြီ။ ဒီအသွေးတော်ဟာ နှလုံးကိုလှံနဲ့ထိုးမိ၍ သွန်းသောအသွေးတော်ဖြစ်တယ်။ နှလုံးထဲမှာကြံစည်နေတဲ့ကောက်ကျစ် စဉ်းလဲမှုတွေကိုဆေးကြောပေးပြီး အပြစ်အနာအဆာမရှိတဲ့ သွေးသစ်ကိုစီးဆင်းစေတဲ့ အတွက် ဘုရားသားသမီးတွေဟာ လွတ်မြောက်တဲ့သူတွေဖြစ်တယ်။
ဒါကြောင့် ခရစ်တော် သွန်းပေးခဲ့တဲ့အသွေးတော်တွေအားဖြင့် ကျွန်ုပ်တို့ဟာ အပြစ်နဲ့ကင်းတဲ့သူတွေဖြစ်တယ်။ ကျန်းမာတဲ့သူတွေဖြစ်တယ်။ အနာရောဂါကင်းတဲ့သူတွေဖြသ်တယ်။ လွတ်မြောက်တဲ့သူတွေဖြစ်တယ်။ ခရစ်တော်ရဲ့အသွေးတော်အားဖြင့် အပြစ်အားလုံးမှ ခွင့်လွှတ်ခြင်းရပြီး ဖြောင့်မတ်သန့်ရှင်းသူတွေဖြစ်တယ်။
Post a Comment Blogger Facebook
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com