Image result for other tongues





၁ကော ၁၄း၂
ကျွန်ုပ်တို့အထဲမှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက ကျွန်ုပ်တို့ နှူတ်ပါးစပ်လျှာကို အသုံးပြု ပြီး ကောင်းကင်က ဘုရားဆီတိုက်ရိုက်ဆုတောင်းခြင်းဖြစ်တယ်။ နက်နဲသောအရာတို့ကို ဝိညာဉ်တော်အားဖြင့်ပြောတယ်။

၁။အတွင်းနှလုံးသားရဲ့ငိုကြွေးသံကို ဝိညာဉ်တော်က ကျွန်ုပ်တို့အတွက်ပြောပြပေးတယ်။ 

 ဆုတောင်းပေးတယ်။ ဥပမာ-အန်ကယ်ကြီးတစ်ယောက် တပ်မတော်ကအငြိမ်းစားယူခါနီး နေရာမရှိတဲ့အခါ ပူပန်မှူရှိပြီး ဆုတောင်းခံလာတယ်။ အန်ကယ်ကြီးက ဘုရားကျောင်းစောရောက်လာပြီး အခြားသောဘာသာစကားနဲ့ဆုတောင်းနေမိတယ်။ အနောက်နားက မိန်းကလေးတစ်ယောက်က လက်တို့ပြီး အန်ကယ်ကြီးကိုမေးတယ်၊ဘာတွေဆုတောင်းနေသလဲဆိုတာ သိလားလို့မေးပြီး၊ မိန်းကလေးက အခြားသောဘာသာစကား အနက်ပြန်နိုင်သောသူဖြစ်ပြီး
အန်ကယ်ကြီးဆုတောင်းတဲ့အရာအနက်ပြန် ပြောပြခဲ့တယ်။ "ကိုယ်တော် အလုပ်က အငြိမ်းစားယူရတော့မယ်၊ ကျွန်ုပ်တို့မိသားစုအတွက်နေဖို့ အစစအရာရာ အဆင်ပြေတဲ့နေရာတစ်ခုမစပေးပါလို့" ဆုတောင်းနေတာ လို့ပြောပြတယ်။ အန်ကယ်ကြီးက ရွှေဂုံတိုင်ဆိုတဲ့ လျှပ်စစ်မီးမှန်တဲ့ အိမ်ကိုရသွားခဲ့တယ်။ အိမ်ရတဲ့နေ့မှာ သက်သေခံ ကျေးဇူးတော် ချီးမွမ်းတယ်။ဝိညာဉ်တော်က နက်နဲသော နှလုံးသားငိုကြွေးသံကို ဝိညာဉ်တော်ဘုရားက တိုက်ရိုက်ဆုတောင်းပေးတဲ့အတွက် ပြီးပြည့်စုံလာရတယ်။

၂။အနာဂတ်မှာဖြစ်ပျက်လာမယ့်အရာအတွက် ဝိညာဉ်တော်က ကြိုတင်ဆုတောင်းပေးတယ်။
ကျွန်တော်ဧဝံဂေလိတာဝန်ခံဖြစ်ပြီး ကိုယ်တိုင်လည်း ကွင်းဆင်းပြီးဧဝံဂေလိသွားမယ်ဆို ပြီးသွားကြတယ်။ အလွန်ဆိုးတဲ့နယ်မြေ၊ဒုစရိုက်မှူတွေ ပေါတဲ့နေရာကိုသွားပြီး ဧဝံဂေလိ၊Home cell ပြန်လုပ်တဲ့အခါညမိုးချုပ်သွားတယ်။ လိုင်းကားအပြိုင်မောင်းပြီး ကျွန်တော်စီးဘက်ဘက်အခြမ်းကို မှောက်လာတယ်။ ကျွန်တော်ဘာမှမသိတော့ဘူး "ယေရှု " လို့ဘဲ အော်မိတော့တယ်။ အဲအချိန်မှာမှောက်နေတာက ပြန်တည့်ပြီးကားက အရှိန်မလျော့ဆက်မောင်းပြီးသွားတယ်။ ကျွန်တော်ကားပေါ်ကဆင်းပြီးဆိုက်ကားစီးလာတယ်။မီးစိမ်းမှာဖြတ်လာတဲ့အခါ Bus ကားတစ်စီးမောင်းလာပြီး ကျွန်တော်စီးလာတဲ့ဆိုက်ကားကို မီးနီကိုဖြတ်ပြီး ဝင်တိုက်မိတော့မလိုဖြစ်လာတယ်။ ဆိုက်ကားသမားက ဆိုက်ကားကိုပစ်ပြီးခုန်ထွက်သွားခဲ့တယ်။ ကျွန်တော်တစ်ယောက်တည်းဆိုက်ကားပေါ်ကျန်ခဲ့တယ်။ ကျွန်တော်လည်းထွက်ပြေးလို့မရဘူး၊ ကျွန်တော် "ယေရှု " လို့ ဘဲအော်မိပြန်တယ်။ Bus ကားက ကျွန်တော်နဲ့ တစ်ဒေါင် လောက်ဘဲကွာပြီးရပ်တန့်သွားခဲ့တယ်။ ကျွန်တော်အိမ်ကို ပြန်ရောက်လာခဲ့ပြီး "ကိုယ်တော်" လို့ဘဲပြောမိတယ်။ အထဲက ဝိညာဉ်တော်ကချက်ချင်းဖွင့်ပြတယ်။ ဒီမနက်က အခြားသောဘာသာ စကားနဲ့ဆုတောင်းတဲ့အခါမှာ ဒီနေ့ကြုံတွေ့ရမယ့်အရာတွေအတွက် ကျွန်တော့်အတွင်းထဲက ဝိညာဉ်တော်က
ဆုတောင်းပေးခဲ့ကြောင်းကိုသိရတယ်။ ကျွန်တော်မသိတဲ့အနာဂတ်မှာဖြစ်လာမယ့် စုံစမ်းနှောက်ယှက်ခြင်းတွေကို ကြိုသိပြီး လွတ်မြောက်ဖို့ အတွင်းထဲကဝိညာဉ်တော်က ကျွန်တော်အခြားသော ဘာသာစကားနဲ့ ဆုတောင်းတဲ့အချိန် ကြိုတင်ဆုတောင်းပေးခဲ့တယ်။

၃။ ဝိညာဉ်တော်က ဖြစ်ပျက်နေတဲ့အချိန်မှာလိုက်လျောညီထွေစွာ ဆုတောင်းပေးတယ်။
ကလေးမြို့ နန်ဟောင် ၊ ဆရာဂမ်ဟောင်။ ဘုရားက နောက်ရွာမှာသွားပြီး ဧဝံဂေလိသွားဟောခိုင်းတော့ သူက မသွားချင်ဘူး။ အဲရွာနဲ့ ဘောလုံးကန်ပြီး ရန်ဖြစ်ကြတဲ့ ရွာကလူတွေ ငရဲသွားတာဘဲကောင်းတယ်၊ ကောင်းကင်ရောက်ရင် ပြန်ဆုံနေရဦးမယ်ဆိုပြီး မသွားခဲ့ဘူး။ အပြင်သွားနေတဲ့အခါ လမ်းမှာကား တစ်စီးနဲ့သွားညှိပြီး ချောက်ထဲပြုတ်ကျပြီး ခေါင်းကွဲပြီး ပွဲချင်းပြီးဆုံးတယ်။ အလောင်းကို အိမ်ကိုသယ်လာပြီး နှစ်သိမ့်စည်းဝေး လုပ်ကြတယ်။ အသုဘကိစ္စကိုစီစဉ်ကြပြီး အခြားသောဘာသာစကားနဲ့  အားလုံးဆုတောင်းကြတယ်။ အဲအချိန်မှာ ဘုရားနဲ့ ဆရာဂမ်ဟောင် က ကောင်းကင်မှာဘုရား နဲ့မျက်နှာချင်းဆိုင် ရှိနေတဲ့အခါဖြစ်ပြီး အသံတစ်သံတက်လာတယ်တယ်။
"ကိုယ်တော် ကျွန်ုပ်တို့မှာ သင်းအုပ်ဆရာ တစ်ယောက်ဘဲရှိတယ်။ ဆရာ စကားနားမထောင်တဲ့ အတွက်
စာတန်ရဲ့စုံစမ်းခြင်းမှာကျရှူံးခဲ့တဲ့အတွက်တောင်းပန်ဝန်ချပါတယ်။ တစ်ယောက်ဘဲရှိတဲ့ ကျွန်တော်တို့ သင်းအုပ်ကို ကျွန်ုပ်တို့ကို ဖြစ်နိုင်ရင်ပြန်ပေးပါ" လို့ ဆုတောင်းတဲ့အသံက တက်လာတယ်။ ဘုရားသခင်က နားညောင်းပြီး "မင်းမြေကြီးပေါ်ကိုပြန်သွားရမယ်" ဘဲဆိုပြီးချက်ချင်း ကိုယ်ခန္ဓာထဲကို အသက်ဝင်လာတယ်။ ခေါင်းကွဲခဲ့တဲ့ ခေါင်းက ပကတိအကောင်းတိုင်းဖြစ်သွားပြီး အသက်ပြန်ရှင်လာပြီး နိမိတ်လက္ခဏာဖြစ် ခဲ့တယ်။ အတွင်းထဲက ဝိညာဉ်တော်က ဖြစ်ပျက်တဲ့အချိန်အခါနဲ့ လိုက်လျောညီထွေစွာ အခြားသောဘာစကားအားဖြင့် လိုအပ်မှူအတွက် ဆုတောင်းပေးခဲ့တယ်။

၎။ ဝိညာဉ်ပိုင်းဆိုင်ရာနက်နဲစွာဆက်ကပ်ရမယ့် အရာတွေအတွက် ဝိညာဉ်တော်က ကိုယ်စားပြု ဆုတောင်းပေးတယ်။

တစ်ရက်မှာအခြားသောဘာသာစကားအနက်ပြန်နိုင်တဲ့သူက ကျွန်တော်အိမ် ရောက်လာတယ်။ ဆုတောင်းနေတယ်။ ကျွန်တော့်အခြားသောဘာသာစကားနဲ့ ဆုတောင်းတဲ့ အနက်ပြန်ပေးခဲ့တယ်။ ကျွန်တော်ပြောနေတဲ့အနက် အဓိပ္ပါယ်က "ကိုယ်တော် နဲ့ နီးကပ်ဖို့ မေတ္တာနဲ့ဆွဲပါ။ မေတ္တာငါးမျှားချိတ်နဲ့ဆွဲပါ၊ကျွန်တော်က ရေထဲကငါးလိုဘဲ ရုန်းထွက်မိနေဦးပေမယ့် ကျွန်တော့်ကို ဆွဲခေါ်ပါလို့" ကျွန်တော်အထဲက ဝိညာဉ်တော်က ကျွန်တော့် ဝိညာဉ်ရေးရာအတွက် ဆုတောင်းပေးနေတာကို သိရတယ်။
ဒါကြောင့် အားလုံးအခြားသောဘာသာစကားနဲ့ ဘုရားဆီကို ဆုတောင်းရအောင်။
Saya Kyaw Kyaw

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

 
Top