ဗုဒ္ဓသည်လည်း တမလွန်ကမ္ဘာမှ ကြွဆင်းလာသော ဘုရားလောင်း ဖြစ်သည့် အတွက် ဗုဒ္ဓ၏တရားလမ်းသည်မခိုင်လုံဟု ဆိုနိုင် ပါသလား?
လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကျင့်ခဲ့သည့် ပါရမီရှင် ဘုရားလောင်း ဖြစ်သည့်အတွက် မွေးမွေးခြင်း လမ်းထလျှောက်ကာ ငါသည် အကြီးမြတ်ဆုံး၊ အဦးဆုံး ဟုကြွေးကြော်ခဲ့သည်ဟု ကျွန်တော်တို့သိရပါသည်။ ထိုမျှလောက်ကြီးမြတ်သောအရှင်ဖြစ်ရိုးမှန်လျှင် အဘယ့်ကြောင့် အိမ်ထောင်ပြုသားမွေးပြီး စွန့်ထားခဲ့ရပါသနည်း။ အချို့ကလည်း တောမထွက်မှီအထိ လူထဲကလူဖြစ်သည်ဆိုလျှင် တောစထွက်စဉ် ရှစ်ဥသဘအကျယ်ရှိသောမြစ်ကြီးကို စီးမြင်းအားအမှတ်ပေးလိုက်သည်နှင့် လွှားကနဲ ခုန်လိုက်ရာ မြစ်တစ်ဖက်ကမ်း ကိုရောက်လေ၏ဟုဆိုပြန်၏။ ဘုရားမဖြစ်မှီ ထိုတန်ခိုး ဘယ်ကရပါသလဲ။ လူသားထဲမှ ကျင့်ကြံ အားထုတ်ကာ ဘုရားဖြစ်လာသည့် လူသား ဘုရားဟုလည်း အချို့ကဆိုပြန်ရာ သို့ဆိုလျှင် ဗုဒ္ဓဟောသည့် ငရဲ၊ သုံးဆယ့်တစ်ဘုံ နှင့် နိဗ္ဗာန်တို့ကို အဘယ်သူကဖန်တီး ချုပ်ကိုင်ထားပြီးဗုဒ္ဓ နှင့်ဘယ်လို ပတ်သက်မှု ရှိပြန်ပါသလဲ။ နောက်ဆုံးဗုဒ္ဓသည် လူသားထဲမှ လူသားဘုရားဖြစ်၏ဟူ၍သာ ဆွေးနွေး ရာတွင် အဖြေထွက်သည့်အတွက် ဗုဒ္ဓသည်တမလွန်ကမ္ဘာမှလာသော အရှင် မဟုတ်ပါ။ဗုဒ္ဓ၏တရားလမ်း သည်လည်း လူသားထဲမှ လူသားချင်း ပြသောလမ်းသာလျှင် ဖြစ်ပါ သည်။ဗုဒ္ဓ၏ခန္ဓာကိုယ်အစိတ်အပိုင်းများလည်း ကျန်ခဲ့ပြီး သေခြင်းတရားကို အောင်မြင်ခဲ့ခြင်း မရှိသော အရှင်လည်း ဖြစ်ပါသည်။ ဗုဒ္ဓသည် မကိုးကွယ်ထိုက်သော အရှင်နှင့် တရားမှားပြသူဟု မဆိုလိုပါ။ ရွေးချယ်မှု အပိုင်းကသင့်အပိုင်း သာလျှင် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာကိုတည်ထောင်ခဲ့သော ဗုဒ္ဓအကြောင်း (ဘီစီ ၅၆၃-၄၈၃ ခန့်)
ဗုဒ္ဓသည်အိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ရှိ နီပေါနယ်စပ်အနီး ကပ္ပိလဝတ် မြို့တော်ကို အုပ်ချုပ်သည့် ဘုရင်တစ်ပါး၏ သားတော် ဖြစ်ပါသည်။ ငယ်စဉ်က တည်းကပင် လောကီစည်းစိမ်ကို တပ်မက်မှုမရှိပါဘဲ တရားကိုရှာ လိုသော သဘောသာ ရှိ၏။ အသက်တစ်ဆယ့် ခြောက် နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့ပြီး ပထမသားဦးကို ရချိန် အသက် သုံးဆယ်ခန့်တွင် တောထွက်ခဲ့ပါသည်။ ငါးနှစ်အတွင်း တရားကိုရရန် ပြင်းထန်စွာကျင့်ကြံအားထုတ်ခဲ့ပြီး မရသည့်အဆုံး အလယ်အလတ်လမ်းစဉ်ဖြင့် ကျင့်ကြံ အားထုတ်ရာ လူသားတိုင်း ကျင့်ကြံအားထုတ်နိုင်ပြီး နိဗ္ဗာန်သို့ ရောက်နိုင်သော သစ္စာ တရားလေးပါး၊ မဂ္ဂင်ရှစ်ပါး တရားတော်ကို သဗ္ဗညုတဥာဏ်တော်နဲ့ သိခွင့်ရခဲ့ ပါသည်။  ထို့နောက် လောဘ၊ ဒေါသ၊ မောဟ တို့ ကင်းငြိမ်းရာ သစ္စာတရားလေးပါး၊ မဂ္ဂင်ရှစ်ပါး တရားတော်တို့ကို လှည့်လည် ဟောကြားခဲ့ပြီး နောက်လိုက်များလည်း ရှိလာကာ သက်တော်ရှစ်ဆယ် အရွယ်တွင် ပျံလွန်ခဲ့ပါသည်။
ဗုဒ္ဓပျံလွန်ပြီးဗုဒ္ဓဘာသာသည် ဂိုဏ်းငယ်လေးတစ်ခုအသွင်အဖြစ်သာ နှစ်ပေါင်း သုံးရာခန့် တည်ရှိ နေပါသော်လည်း ဘီစီ သုံးရာခန့်တွင် အိန္ဒိယ နိုင်ငံကိုအုပ်ချုပ်သော အာသောကဘုရင်မင်း နန်းတက်ခဲ့ ပါသည်။ ထိုဘုရင်မင်းမြတ်သည် သူကိုယ်တိုင် ဗုဒ္ဓကိုကိုးကွယ်ရုံတင်မက သူ့တိုင်းသူပြည်သားအားလုံးကိုလည်း ကိုးကွယ်စေခဲ့ ပါသည်။ ‘ဒါတင်မက အိမ်နီးချင်းနိုင်ငံများသို့လည်း သာသနာပြုများ စေလွှတ် ခဲ့ပါ သည်။ အာသောက ဘုရင် ကွယ်လွန်ပြီးနောက်ပိုင်း ဘုရင်များက ဗုဒ္ဓဘာသာကို လက်မခံဘဲ နှိပ်ကွပ်ခဲ့ပြန်ပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် ယခုအခါ ဗုဒ္ဓဘာသာဝင်များမှာ မရှိသလောက်ပင် ဖြစ်ပါသည်။ သို့သော် အိမ်နီးချင်းနိုင်ငံများ အချို့တွင်တော့ ဗုဒ္ဓသာသနာထွန်းကားခဲ့ပြီး ယနေ့ကမ္ဘာပေါ်တွင်ဗုဒ္ဓကို သက်ဝင် ယုံကြည်ကိုးကွယ်သူလူပေါင်း သန်းလေးရာခန့် ပင်ရှိပြီဖြစ်ပါသည်။ ဗုဒ္ဓဘာသာကို ဗုဒ္ဓကတည်ထောင် ခဲ့သည်ဟု ဆိုနိုင်သော်လည်း ဗုဒ္ဓသာသနာကို ပြန့်ပွါးဖို့ အဓိကလုပ် ဆောင်ခဲ့သူမှာ အာသောကဘုရင်မင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ နောက်ထပ် မှတ် သားစရာ တစ်ခုအနေဖြင့်ဗုဒ္ဓသည် မည်သည့်စာပေ ကျမ်းဂန် တစ်ခုကိုမျှ ရေးသား မထားခဲ့ပါ။ ဗုဒ္ဓလွန်ပြီး ၄၅၈ နှစ်အကြာမှ သီဟိုရ်ကျွန်း(သီရိလင်္ကာ)တွင် မင်းကြီနှင့် ရဟန်းများကပြန်လည်ပြုစု ရေးသားခဲ့ကြခြင်းဖြစ်ပါသည်။ ထိုကျမ်းတို့ကို လူသားအစဉ် အဆက်လက်ဆင့်ကမ်းအာဂုံဆောင်ခဲ့ကြသည်ဟုလည်းဆိုထားပါသည်။

ယေရှုသည် ထာဝရဘုရား၏ အမှုတော်မြတ် ကိုဆောင်ရွက်ရာတွင် ပြီးပြတ်ခဲ့ခြင်းမရှိသည့်အတွက် တမန်တော်မိုဟာမက်ကို ထာဝရဘုရားက စေလွတ်လိုက်ခြင်း ဖြစ်သည် ဟူသောအဆိုမှာ  ဟုတ်မှန်ပါသလား?
လူပုဂ္ဂိုလ်တစ်ဦး၏ ပြုခဲ့သောအမှုနှင့် အဆိုအမိန့်အားဖြင့်သာလျှင် ထိုပုဂ္ဂိုလ် သည်အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း အသိအမှတ် ပြုနိုင်ပါသည်။ ဥပမာ မောရှေကို ထာဝရဘုရားစေလွှတ်သောတမန်တော်ဖြစ်ကြောင်း ခရစ်ယာန်၊ ဂျူး နှင့် အစ္စလမ် ဘာသာဝင်များ အားလုံးက လက်ခံကြပါသည်။ အကြောင်းမှာ မောရှေသည် ထာဝရဘုရားစေလွှတ်သော တမန်တော်ဖြစ်ကြောင်း ထာဝရဘုရားနှင့် ဆိုင်သည့် သဘာဝလွန် တန်ခိုးနိမိတ်များနှင့် သက်သေများတို့က အခိုင်အမာရှိနေပါသည်။ သို့သော် မိုဟာမက်တွင် ထာဝရဘုရားနှင့် ဆိုင်သော အမှုအရာများနှင့် ပြုခဲ့သော သဘာဝလွန် တန်ခိုးနိမိတ်များမတွေ့ရလို့ ၄င်းသည် ထာဝရဘုရား စေလွှတ် သော တမန်တော်ဖြစ်ခြင်းကို လူအားလုံးကလက်မခံပါဘဲ အစ္စလမ်ဘာသာဝင်များကသာ လက်ခံကြခြင်း ဖြစ်ပါသည်။ သို့သော် ယေရှု ကို လူတို့ လက်မခံကြခြင်းမှာ ယေရှုသည်ဘုရားဖြစ်ကြောင်း ပြုခဲ့သောအမှုနှင့် အဆိုအမိန့်တို့ ခိုင်လုံစွာရှိပါလျက် ငြင်းပယ် ကြခြင်း သာလျင် ဖြစ်ပါသည်။
16 May 2013

Post a Comment Blogger

  1. မင်းတို့ ကိုးကွယ်နေတဲ့ ထာဝရဘုရားသခင် ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာရယ်
    ဘယ်လို့ အကျင့်မျိုးတွေကျင့်ခဲ့လို့ ဘုရားဖြစ်တာလဲဆိုတာရယ် ငါကိုယ်တိုင်ရော ဘုရားဖြစ်ချင်ရင် ဘယ်လိုကျင့်ရမလဲဆိုတာရယ် ထူခြားအံသြစရာယနေ့ထိရှိနေဆဲပါဆိုတဲ့ မင်းတို့သမိုင်းရယ် တင်ပေးစမ်းပါဦးကွာ မဖတ်ဖူးသေးလို့ပါ မင်းကတော်တော်နှံစပ်တဲ့သဘောမှာရှိတယ်

    ReplyDelete

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top