တစ်ဆင့်ခံ စီးကရက်မီးခိုးငွေ့
တစ်ဆင့်ခံ စီးကရက်မီးခိုးငွေ့နဲ့ ထိတွေ့မိတဲ့ ကလေးတွေရဲ့ အိုင်ကျူအမှတ်ဟာ ငါးမှတ်နဲ့အထက် လျော့ကျမှုရှိတယ် လို့ လေ့လာမှုအရ သိရပါတယ်။ သူတစ် ပါးသောက်တဲ့ ဆေးလိပ်ငွေ့နဲ့ ထိတွေ့မှု များလေလေ၊ စာဖတ်နိုင်စွမ်းနဲ့ ကြောင်း ကျိုးဆင်ခြင်နိုင်စွမ်း လျော့ကျလေလေ ပဲ ဖြစ်ပါတယ်။ အိမ်မှာ စီးကရက်မီးခိုးငွေ့ကို ရှူရှိုက်ရတာကြောင့် ကလေးတွေဟာ လေပြွန်ရောင်ရမ်းမှု၊ အဆုတ် ရောင်ရမ်း မှု၊ နားကိုက်တာ၊ အအေးမိတာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာတို့ ဖြစ်စေနိုင်ပါတယ်။ ဒီလို ရောဂါ ဝေဒနာတွေ ခံစားရတာကြောင့် ကလေးတွေ ကျောင်းပျက်ရတတ်ပါတယ်။
အိပ်စက်မှု ပြဿနာများ
ကလေး ၁၀ ရာခိုင်နှုန်းကျော်မှာ အိပ်စက်မှုဆိုင်ရာ ပြဿနာ တချို့အမျိုး အစားတွေဖြစ်ပေါ်နေကြောင်း လေ့လာ မှုအရ သိရပါတယ်။ အိပ်စက်မှုမှာ အဟန့် အတား ရှိတာက ကလေးတွေကို ပင်ပန်း စေပြီး နွမ်းနယ်စေကာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်စေတဲ့ အတွက် လေ့လာမှုမှာ အဟန့်အတားဖြစ် စေပါတယ်။ ကလေးတွေမှာ အဖြစ်များ ဆုံး အိပ်စက်မှုပြဿနာက အိပ်ပျော်နေ စဉ် အသက်ရှူရပ်လိုက်၊ ပြန်ရှူလိုက် ဖြစ်တဲ့ ပြဿနာပါ။ အာသီးကြီးတာနဲ့ နှာခေါင်းနောက်ဘက်ရှိ ဂလင်း(Adenoid) ကြီးတာကြောင့် ကလေးရဲ့ အသက်ရှူ လမ်းကြောင်း ပိတ်ဆို့ကာ တစ်ညလုံး အသက်ရှူရပ်လိုက်၊ ပြန်ရှူလိုက် ဖြစ်နေ နိုင်ပါတယ်။ အဲဒီအခါ ကလေးရဲ့ ဖွံ့ဖြိုး နေဆဲ ဦးနှောက်က လိုအပ်တဲ့ အောက် ဆီဂျင် ပြတ်လပ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်ကလေးမှာ အိပ်စက်မှု ဆိုင်ရာ ဝေဒနာရှိရင် ကြီးနေတဲ့ အာသီးနဲ့ အဒီးနွိုက်ဂလင်းကို ကုသဖို့ ကလေးအ ထူးကု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
တီဗီအကြည့်များလွန်းခြင်း
ကလေးတွေ တီဗီအကြည့်များလွန်း ရင် ကလေးရဲ့ မှတ်ဥာဏ်စွမ်းရည်ကို ထိ ခိုက်စေနိုင်ပါတယ်။ တီဗီအစီအစဉ်တွေ က ကြည့်ရှုသူတွေရဲ့ အာရုံကို စက္ကန့်ပိုင်း အတွင်း ပြောင်းလဲစေတာကြောင့် ဦး နှောက်မှာ ပုံမှန်မဟုတ်တဲ့ ပြုပြင်မှု ဖြစ် စေပါတယ်။ တီဗီအစီအစဉ်တစ်ခုပြီး တစ်ခုပြောင်းတာက အာရုံစူးစိုက်နိုင်စွမ်း ကို ပြောင်းလဲမှု ဖြစ်စေပါတယ်။ တီဗီ ပိတ်ပြီး စာအုပ်ဖတ်ခိုင်းတာက ကလေးရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ပိုမိုကောင်းမွန် စေတာကို တွေ့ရှိရပါတယ်။
Post a Comment Blogger Facebook
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
Emoticonခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com
Click to see the code!
To insert emoticon you must added at least one space before the code.