အခုဆိုရင်
ကျွန်တော်ကိုယ်တိုင် သားသမီး (၄) ယောက်ရဲ့ ဖခင်တစ်ဦး ဖြစ်ပါတယ်။ ဖခင်
မဖြစ်ခင်ကတော့ ဖခင်ဆိုတာ ကိုယ့်ကို စည်းကမ်းတွေနဲ့ အတင်းကျပ် ထားတဲ့သူ၊
အရိုက်ကြမ်းတဲ့သူ၊ အတင်းတွန်းတဲ့သူ ဆိုပြီး မြင်ခဲ့ပါတယ်။ ကိုယ့်ကို
ချက်ပြုတ်၊ လျော်ဖွတ်၊ ပြုစုပေးတဲ့ အမေနဲ့ နှိုင်းယှဉ် လိုက်ရင် အဖေ့ကို
အမှတ် ပေးလို့မရတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးပေါ့။
ဒါပေမဲ့
ကျွန်တော်ကိုယ်တိုင် ဘခင်တစ်ဦး ဖြစ်လာပြီးတော့ သားသမီးတွေကို ကြည့်ရှုရင်
ဖခင်တွေရဲ့ နှလုံးသားကို နားလည်လာပါတော့တယ်။ အဲဒီခံစားချက်ကလေးကို ကဗျာ
တစ်ပုဒ်လို ချရေးလိုက်တယ်ဗျာ။ ကဗျာဆရာမဟုတ်လို့ အစဉ်မပြေနိုင်ပါဘူ။ ဒါပေမဲ့
အဲဒီ ခံစားချက် ကလေးတွေကို တော့ ချရေးချင်လို့
ဒီကဗျာလေးကို ရေးလိုက်ပါတယ်။
အဖေဆိုတာ ဘယ်လိုလူစားလဲ???
အဖေဆိုတာ
မင်းပြုတ်ကျတဲ့အချိန်မှာ
လှမ်းပြီး ဖမ်းဆွဲထားတဲ့သူ
အဲဒါထက်မက
အသာအယာလေး ဖေးမပြီး
မင်းကို မတင်ပေးမဲ့သူဖြစ်တယ်။
မင်းပြုတ်ကျတဲ့အချိန်မှာ
လှမ်းပြီး ဖမ်းဆွဲထားတဲ့သူ
အဲဒါထက်မက
အသာအယာလေး ဖေးမပြီး
မင်းကို မတင်ပေးမဲ့သူဖြစ်တယ်။
အဖေဆိုတာ
မင်းအမှားပြုလုပ်တဲ့အချိန်မှာ
ထိန်းသိမ်းပေးတဲ့သူ
အဲဒါထက်မက
မင်းကို လမ်းမှန်ကို ရောက်အောင်
ဆုံးမသွန်သင်မှုများနဲ့
ပို့ဆောင်ပေးမဲ့သူဖြစ်တယ်။
မင်းအမှားပြုလုပ်တဲ့အချိန်မှာ
ထိန်းသိမ်းပေးတဲ့သူ
အဲဒါထက်မက
မင်းကို လမ်းမှန်ကို ရောက်အောင်
ဆုံးမသွန်သင်မှုများနဲ့
ပို့ဆောင်ပေးမဲ့သူဖြစ်တယ်။
အဖေဆိုတာ
မင်းနာကျင်နေတဲ့အချိန်မှာ
မင်းအနားမှာရှိနေတဲ့သူ
အဲဒါထက်မက
မင်းပျော်ရွှင်ကြည်နှုးလာအောင်
လိုအပ်သမျှ ပံ့ပိုးကူညီရင်းနဲ့
မင်းပျော်လာအောင် ဖန်တီးပေးမယ့်သူဖြစ်တယ်။
မင်းနာကျင်နေတဲ့အချိန်မှာ
မင်းအနားမှာရှိနေတဲ့သူ
အဲဒါထက်မက
မင်းပျော်ရွှင်ကြည်နှုးလာအောင်
လိုအပ်သမျှ ပံ့ပိုးကူညီရင်းနဲ့
မင်းပျော်လာအောင် ဖန်တီးပေးမယ့်သူဖြစ်တယ်။
အဖေဆိုတာ
မင်းငိုကြွေးနေချိန်မှာ
မင်းလက်ကို ဆွဲကိုင်ထားတဲ့သူ
အဲဒါထက်မက
မင်းကြေကွဲခံစားတာထက်
မင်ကျနေတဲ့မျက်ရည်တွေထက်
သူခံစား ငိုကြွေးမှုတွေက ပိုများမယ့်သူဖြစ်တယ်။
မင်းငိုကြွေးနေချိန်မှာ
မင်းလက်ကို ဆွဲကိုင်ထားတဲ့သူ
အဲဒါထက်မက
မင်းကြေကွဲခံစားတာထက်
မင်ကျနေတဲ့မျက်ရည်တွေထက်
သူခံစား ငိုကြွေးမှုတွေက ပိုများမယ့်သူဖြစ်တယ်။
မင်းစည်းကမ်းဖောက်ဖျက်တဲ့အချိန်မှာလည်း
မင်းကို ဆုံးမမဲ့မယ့်သူ
မင်းအောင်မြင်နေချိန်မှာလည်း
မင်းနဲ့ပတ်သတ်ပြီး
ဂုဏ်ယူဝင့်ကြွားနေမယ့်သူ
မင်းကျဆုံးနေခဲ့ရင်တောင်
မင်းကို ယုံကြည်မှုအပြည့်နဲ့
အနားမှာ နေပေးမယ့်သူဖြစ်တယ်။
မင်းကို ဆုံးမမဲ့မယ့်သူ
မင်းအောင်မြင်နေချိန်မှာလည်း
မင်းနဲ့ပတ်သတ်ပြီး
ဂုဏ်ယူဝင့်ကြွားနေမယ့်သူ
မင်းကျဆုံးနေခဲ့ရင်တောင်
မင်းကို ယုံကြည်မှုအပြည့်နဲ့
အနားမှာ နေပေးမယ့်သူဖြစ်တယ်။
ဘုရားသခင်ကောင်းကြီးပေးပါစေ။
နာမတော်မြတ်၌
ဦးမင်းလွင်
Post a Comment Blogger Facebook
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
Emoticonခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com
Click to see the code!
To insert emoticon you must added at least one space before the code.