သမ္မာကျမ်း အကြောင်းသိကောင်းစရာ

သမ္မာကျမ်းကို ဘုရားသခင်ကရေးသားထားပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းကိုခံယူကြပြီးလူတွေကရေးသားခဲ့ပါသည်။
၁။ သမ္မာကျမ်း၏ မူရင်းဘာသာစကား(၃) မျိုး
က။ဟေဗြဲဘာသာ
္ဓဓမ္မဟောင်းကျမ်းကို ဟေဗြဲဘာသာဖြင့်ရေးထားခဲ့ပါသည်။
ခ။အာရမစ်
ဧဇရမှတ်စာအခန်းကြီး(၄)၊ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး
(၆)၊ယေရမိအနာဂတ္တိကျမ်းအခန်းကြီး(၁၀) ကို အာရမစ်ဘာသာဖြင့်ရေးသားခဲ့သည်။ ဓမ္မသစ်ကျမ်းမှာလည်း
အချို့အာရမစ်ဘာသာဖြင့်အသုးံပြုရေးသားထားပါသည်။
ဂ။ဓမ္မသစ်ကျမ်းကို ဂရိဘာသာဖြင့်ရေးသားထားခဲ့ပါသည်။
၂။အချိန်
သမ္မာကျမ်းကို နှစ်ပေါင်း ၁၆၀၀ ကျော်အတွင်းရေးခဲ့ပါသည်။
၃။ရေးသူ
လူပေါင်း(၄၀) ကျော်ကရေးသားခဲ့ခြင်းဖြစ်သည်။စာရေးသူတို့မှာ
ဘုရင်၊အခွန်ကောက်သောသူ၊ပရောဖက်များ၊တံငါသည်များ၊
ယစ်ပုရောဟိတ်များ၊ကုန်သည်များ၊ထောင်မှူးများ၊လယ်သမားများ၊သိုးကျောင်းသားများ၊ဆင်းရဲသားများ၊ချမ်းသာသောသူများ၊ဒေါက်တာ တို့ဖြစ်ပါသည်။
၎။နေရာမတူ
သမ္မာကျမ်းကို ရေးသောသူတို့၏ နေရာမတူပါ။ တစ်ချို့သည် သဲကန္တာတောထဲမှာရေးခဲ့ကြပါတယ်။ တစ်ချို့ဟာ ထောင်ကျချိန်မှာရေးကြပါတယ်။တစ်ချို့ဟာ နန်းတော်ထဲမှာရေး
ခဲ့ကြတယ်။
၅။အချိန်လည်းမတူ
သမ္မာကျမ်းကို ရေးသောသူတို့၏ အချိန်လည်း မတူပါ။
တစ်ချို့ဟာ စစ်မြေပြင်၌တိုက်ပွဲဖြစ်စဉ်ရေးခဲ့ကြတယ်။ တစ်ချို့ဟာ ငြိမ်းချမ်းသောကာလမှာ ရေးကြတယ်။
၆။စိတ်နေစိတ်ထားမတူ
သမ္မာကျမ်းကိုရေးသောသူတို့၏ စိတ်နေစိတ်ထားလည်းမတူပါ။
တစ်ချို့ဟာ ဝမ်းမြောက်သောအချိန်မှာ ရေးကြပြီး တစ်ချို့သည်
မျှော်လင့်ချက်ကင်းမဲနေချိန်၊ ဝမ်းနည်းသောအချိန်၊စိတ်ဓါတ်ကျ
အချိန်မှာ ရေးကြပါတယ်။
၇။နေထိုင်ရာဒေသမတူ
သမ္မာကျမ်းကို ရေးသောသူတို့၏ နေထိုင်ရာဒေသလည်းမတူပါ။
တစ်ချို့ဟာ အာရှတိုက်၊တစ်ချို့ဟာ အာဖရိတိုက်၊တစ် ချို့ဟာ
ဥရောပတိုက်မှ လူပေါင်း(၄၀) ကျော်က ရေးခဲ့ကြပါတယ်။
၈။ထူးခြားချက်
ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းမှာပါရှိပြီးဓမ္မဟောင်းကျမ်းကို ဓမ္မသစ်ကျမ်းမှာရှင်းပြထားခဲ့ပါသည်။
၉။ ပြုင်ဘက်ကင်းသောစာအုပ်
သမ္မာကျမ်းသည် ဤလောကမှာရှိသော စာအုပ်အားလုးံက မပြိုင်နိုင်သေးပါ။
၁၀။အမှားမရှိသောစာအုပ်
ဆာလံကျမ်းဆရာက ဘုရားသခင်၏ တရားတော်သည်စုံလင်
သည်ဟု ဖော်ပြ၏( ဆာ၁၉:၇)သမ္မာကျမ်းကို ရေးသားသောအရှင်သည် ဘုရားသခင်ဖြစ်၍ ဘုရားသခင်သည်
မုသားမပြောတတ်ပါသဖြင့် မိမိနှုတ်တော်ထွက်စကားသည် အမှားလုးံဝမရှိပါ။
လုးံဝအမှားမရှိသောကျမ်းသည် သမ္မာကျမ်းသာဖြစ်သည်။
၁၁။ မှုတ်သွင်းထားသောစာအုပ်
မှုတ်သွင်းတော်မူရာ၌ သမ္မာကျမ်းတစ်အုပ်လုးံနှုင့်စကားလုးံတစ်လုးံစီပါသည်။စကားလုးံတစ်လုးံမကျန်မှုတ်သွင်းထားပါသည်။(၂တိ၃:၁၆)
၁၂။တစ်စုတစ်ရုးံတည်းရှိခြင်း
အစမှ အဆုးံတိုင်အောင်ကျောရိုးတစ်ချောင်းတည်းရှိသည်။နှစ်ပေါင်း(၁၆၀၀)ကျော်၊ကလောင်ရှင်ပေါင်း(၄၀)ကျော်ခန့်က
မတူညီသော အချိန်၊မတူညီသောနေရာဒေသ ကျောထောက်နောက်ခံအသီးသီးမှရေးသားထားခဲ့သော်လည်း
သမ္မာကျမ်းသည် တစ်လုးံတစ်ဝတည်းရှိနေသည်။
ထိုကဲ့သို့တစ်လုးံတစ်ဝတည်းရှိနိုင်ခြင်းသည် ဘုရားသခင်က လူအားဖြင့်ရေးသားထားသောကြောင့်ဖြစ်သည်။
၁၃။ပြည့်စုံလုံလောက်သည်
သမ္မာကျမ်းသည် အပိုမရှိ၊အလိုမရှိ၊ပြည့်စုံလုံလောက်သောဘုရားသခင်၏ နှုတ်ကပတော်ဖြစ်သည်။
၁၄။ဖျက်ဆီး၍မရနိုင်ပါ
ရာစုနှစ်ပေါင်းများစွာက သမ္မာကျမ်းကို ဖျက်ဆီးနိုင်ရန်ကြိုးစားခဲ့ကြပါသော်လည်းမအောင်မြင်ခဲ့ကြပါ။
သမ္မာကျမ်းကို ဟောပြောသောသူများ၊သယ်ဆောင်လာသောသူ
များကို ခေတ်အဆက်ဆက်သတ်၍ရသော်လည်း သမ္မာကျမ်းကိုမူ သတ်၍မရနိုင်သေးပါ။
သမ္မာကျမ်းသည် ဖျက်ဆီး၍မရသည်သာမက တစ်နှစ်ပြီးတစ်နှစ်
အရောင်းရဆုးံသောစာအုပ်ဖြစ်ခဲ့လေသည်။
၁၅။ပြောင်းလဲစေနိုင်သောတန်ခိုး
လူတွေရေးသောအခြားမည်သည့်စာအုပ်မျှလူ့အသက်တာကို မပြောင်းလဲစေနိုင်ပါ။
သမ္မာကျမ်း၌လူ့ရဲ့အသက်တာကိုပြောင်းလဲစေနိုင်တဲ့တန်ခိုးရှိပါတယ်။သမ္မာကျမ်းသည် လူမျိုးတကာတိုင်းကို ပြောင်းလဲစေပါသည်။
မည်သည့်နိုင်ငံကိုမဆိုသမ္မာကျမ်း၏ တန်ခိုးဖြင့်ပြောင်းလဲခဲ့ကြပါသည်။
၁၆။ဝယ်ပါ
သင်မှာ သမ္မာကျမ်းမရှိသေးရင် ဒီနေ့ဝယ်လိုက်ပါနော်။

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

 
Top