သင်၏ ပါးတစ်ဖက်ကို
ပုတ်သောသူအား ပါးတစ်ဖက်ကိုပေးဦးလော့။ သင့်ဝတ်လုံကို သိမ်းယူသော သူအား
သင့်အင်္ကျီကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။
ရှင်လုကာခရစ်ဝင် ၆:၂၉
မြိုင်ကြီးငူစေတီအတွက်
မြေနေရာကိုစာရွက်စာတမ်းနဲ့
အတိကျ ဥပဒေနဲ့အညီ ပေးအပ် သွားမှာပါ။
ကြည်ကြည်ဖြူဖြူ ပေးလိုက်တာပါ။
လောကမှာဘယ်အရာမှ မတည်မြဲသလို
နောင်တမလွန်မှာဘာကိုမှလဲယူသွားလို့မရပါဘူးး။
ကောင်းကင်အိမ်တော်မပြန်သေးခင်ခဏ
လူသားအချင်းချင်းးး
မေတ္တာထားပြီးးချစ်နိုင်ဖို့သာအဓိကပါပဲ။
ထာဝရတည်မြဲသောအရာလေးလဲပေးးပါရစေ။
ယေရှုကိုလဲ ယူလိုက်ပါ။
ယေရှုဟာမိတ်ဆွေရဲ့အပြစ်တွေကို
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ကျော်ကတည်းးက
လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံပြီးးကယ်တင်ပေးးခဲပြီးပါပြီ။
ယေရှုအသေခံပေးတာ
သင့်အတွက်ပါမိတ်ဆွေ။
သေခြင်းကို အောင်မြင်တာ
ယေရှုတစ်ပါးသာရှိတာပါ။
ယေရှုဟာယခုထိအသက်ရှင်သောဘုရားဖြစ်ပါတယ်။
သင့်သေပြီးနောင်တမလွန်ဘယ်ရောက်မယ်ဆိုတာအတိကျသင့်မှာအဖြေမရှိသေးရင်
ယေရှုကအဖြေပေးချင်နေပါတယ်။
ယေရှုကသင့်ကိုချစ်ပါတယ်။
ယေရှုက
သင့်ကိုပေးဖို့စာင့်နေပါတယ်။
နောင်တမလွန် ချမ်းသာဘုံနဲ့
လောကရဲ့အောင်မြင်မှုတွေကို
ယေရှုဆီက ရယူလိုက်ပါ။
ယေရှုကိုယုံကြည်သောသူဟာ
ထာဝရအသက်ကို ရရှိမှာပါ။
ဘုရားသခင်ကောင်းကြီးပေးပါစေ။
အာမင်

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

 
Top