
ယောသပ်၏အစ်ကိုများ အီဂျစ်ပြည်သို့ ရောက်ရှိလာခြင်း
(သူ၏ အိပ်မက်များ အမှန်တကယ်ဖြစ်လာပြီ။)
(သူ၏ အိပ်မက်များ အမှန်တကယ်ဖြစ်လာပြီ။)
အီဂျစ်ပြည်မှာ ဒုတိယမင်းအဖြစ်ကို ရရှိပြီးနောက် ယောသပ်ဟာ သူလုပ်ဆောင်စရာရှိတဲ့ အလုပ်တွေကို မြန်မြန်ဆန်ဆန်နဲ့ သစ္စာရှိစွာ လုပ်ဆောင်ပါတယ်။ ဒီအချိန်မှာ အစာရေစာကြွယ်ဝပေါများတဲ့ ခုနစ်နှစ်ဟာ လျင်မြန်စွာနဲ့ ကုန်လွန်သွားခဲ့ပြီး၊ ငတ်မွတ်ခေါင်းပါးရာ နှစ်များစတင်ရောက်ရှိလာခဲ့ပ
အစ်ကိုတို့ဟာ အီဂျစ်ပြည်ကို ရောက်ရှိပြီး စပါးဝယ်ရန် ယောသပ်ထံသို့ ရောက်ရှိလာကြ၍ ယောသပ်ကို မမှတ်မိကြသော်လည်း ယောသပ်က သူတို့ကို မှတ်မိခဲ့တယ်။ အစ်ကိုတွေဟာ သူ့ရှေ့မှာ ဒူးညွှတ်ပြီး ခေါင်းကို မြေကြီးနှင့်ထိကာ ပျတ်ဝပ်အရိုအသေပေးနေကြတယ်။ ဒီအချိန်မှာ ယောသပ်ဟာ သူ့အိပ်မက်ကို ပြန်သတိရနေမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ယောသပ်ဟာ သူ့အစ်ကိုတွေရဲ့ စိတ်ထဲမှာ အရင်လို ဆိုးညစ်တဲ့ အကျင့်ဆိုးတွေ ရှိနေသေးလားဆိုတာ စမ်းသပ်ဖို့အတွက် သူတို့ကို ခပ်တန်းတန်း ဆက်ဆံဖို့ ဆုံးဖြတ်လိုက်တယ်။ သူလျှိုလာလုပ်တယ်ဆိုတဲ့အကြေ
မကြာခင်မှာပဲ ဂျုံစပါးတွေ ကုန်သွားပြန်တယ်။ ဒီတစ်ခါတော့ ယောသပ်ရဲ့ အစ်ကိုတွေမာ ရွေးချယ်စရာ မရှိတော့ဘူး။ ဗင်္ယာမိန်ကို ခေါ်ပြီး အီဂျစ်ပြည်ကို ထပ်မံ ခရီးပြုကြပြန်တယ်။ ဒီတစ်ခါတော့ ညီအစ်ကိုတွေ အားလုံး ယောသပ်ရှေ့မာ ဦးညွှတ်ပြပ်ဝပ်ကြရတယ်။
ယောသပ်က သူတို့ကို ညစာနဲ့ တည်ခင်းဧည့်ခံတယ်။ သူတို့အတွက် စားပွဲမှာ ကြီးစဉ်ငယ်လိုက် နေရာချထားပေးတယ်။ သူတို့ဟာ အလွန်ပဲ အံ့သြကုန်ကြတယ်။ တိုင်းတပါးသားဘုရင်ဟာ ဘယ်လိုလုပ်ပြီး သူတို့ အသက်ကြီးစဉ်ငယ်လိုက်ကို သိသလဲဆိုတာ စဉ်းစားလို့ မရကြဘူး။ ဒီအချိန်မှာ ယောသပ်ဟာ ရင်ထဲမှာ အလွန်ဝမ်းနည်းလာတဲ့အတွက် မျက်ရည်ကို မထိန်းနိုင်တော့ဘဲ သူ့ရဲ့အခန်းထဲကို ပြန်ပြီး တိတ်တဆိတ် မျက်ရည်တွေ ကျရှာတယ်။
ယောသပ်ဟာ သူ့အစ်ကိုတွေ ရိုးသားမှု ရှိမရှိ ဒီတစ်ကြိမ် ထပ်မံစစ်ဆေးပြီးတဲ့အခါမှာတေ
ယောသပ်ဟာ အစားအသောက်များ၊ လှည်းများကို ပေး၍ အစ်ကိုတို့အား အိမ်ပြန်စေတယ်။ သူတို့ကိုလည်း ဖခင် ယာကုပ်နှင့်တကွ တစ်မိသားစုလုံး အီဂျစ်ပြည်သို့ ပြန်ခေါ်လာမည်အကြောင်း မှာခဲ့တယ်။
ကမ္ဘာဦးကျမ်း ၄၁-၄၆
“ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ၊ သင်တို့သည် အချင်းချင်း ချစ်ကြလော့။” - ယော ၁၅း၁၂
Post a Comment Blogger Facebook
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com