
ဖာရောဘုရင်၏အိပ်မက်ကို အနက်ပြန်သူယောသပ်
(အကျဉ်းထောင်မှ ရွှေနန်းတော်သို့)
(အကျဉ်းထောင်မှ ရွှေနန်းတော်သို့)
ရက်ပေါင်းများစွာ ကုန်လွန်ပြီးသည့်နောက် မှာတော့ ယောသပ်ဟာ အီဂျစ်ပြည်သို့ ရောက်ရှိလာခဲ့တယ်။ ကျယ်ပြော လှတဲ့ နိုင်းမြစ်ကြီးနှင့်တကွ လူသူ ထူထပ် များပြားလှသော မြို့ကြီးများက သူ့ကို မှင်သက် အံ့အားသင့်စေခဲ့တယ်။
ကုန်သည်တွေဟာ ယောသပ်ကို အီဂျစ်နိုင်ငံဘုရင်မင်းမြတ်
ပေါတိဖာရဲ့ ဇနီးဟာ အစပထမမှာတော့ ယောသပ်အပေါ်မှာ အလွတ်ပဲခင်မင်ခဲ့တယ်။ သို့သော် သူမ စိတ်ကျေနပ်စေမယ့် အရာတစ်ခုကို ပြုဖို့ ယောသပ် ငြင်းဆန်တဲ့အခါမှာတော့ သူမဟာ ယောသပ်ကို ရန်သူလို သဘောထားလာခဲ့တယ်။ သူမဟာ ယောသပ်ကို မဟုတ်မမှတ် စွပ်စွဲပြောဆိုခြင်းဖြင့် ဆိုးညစ်သောအမှုကို ပြုခဲ့တယ်။ ပေါတိဖာကလည်း သူ့ဇနီးရဲ့ စကားကို ယုံပြီး ယောသပ်ကို အလုံပိတ် ထောင်ထဲမှာ သံကြိုးနဲ့ ချည်နှောင်လိုက်တယ်။
ယောသပ်ဟာ ဘုရားသခင်ပေါ်မှာ သစ္စာရှိသူဖြစ်တယ်။ သူဟာ သူတပါးကို ကူညီအားပေးကြင်နာတတ်သူ ဖြစ်တယ်။ သူ့ရဲ့ သစ္စာရှိမှုနဲ့ ရိုးသားဖြောင့်မတ်မှုများကြေ
ယောသပ် အသက်သုံးဆ်ရောက်သောအချိန်မှ
ဖာရောဘုရင်ကလည်း “ငါသည် ဆူဖြိုးသော နွားခုနစ်ကောင် မြစ်ထဲမှ တက်သည်ကို မြင်ပြီး တစ်ဖန် ပိန်လှီသော နွားခုနစ်ကောင်တို့သည်လည်း မြစ်ထဲမှ တက်လာ၍ ဆူဖြိုးသော နွားခုနစ်ကောင်ကို မြိုလေသည်။ သို့သော် သူတို့သည် ပိန်လှီမြဲတိုင်း ပိန်၏။” ဟု မိန့်တော်မူတယ်။ ယောသပ်ကလည်း “အီဂျစ်ပြည် တစ်လျှောက်လုံးတွင် ဝပြောသောနှစ် ခုနစ်နှစ်ရှိလိမ့်မည်။ ထို့နောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ် ပေါ်လာ၍၊ အီဂျစ်ပြည်၌ အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက်၊ အစာခေါင်းပါးခြင်းအားဖြင့် တစ်ပြည်လုံး ပျက်ဆီးလိမ့်မည်။ သို့ဖြစ်၍ ဖာရောဘုရင်သည် ဉာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ်၍ အီဂျစ်ပြည်ကို အုပ်စိုးစေတော်မူပါ” ဟု လျှောက်တော်မူတယ်။
ထိုအခါ ဖာရောဘုရင်သည် ယောသပ်အား နိုင်ငံတော်တွင် ဒုတိယအမြတ်ဆုံးသော မင်း အရာ၌ ခန့်ထားတော်မူခဲ့တယ်။ ထာဝရအရှင်ဘုရားသခင်သည် သူ၏ မိတ်ဆွေ ယောသပ်အား မေ့လျော့ခြင်းမရှိပေ။
ကမ္ဘာဦးကျမ်း ၃၈-၄၁
“ထာဝရဘုရားကို ကြောက်ရွံ့၍ လမ်းခရီးတော်သို့ လိုက်သွားသမျှသောသူတို့သည် မင်္ဂလာရှိကြ၏။” - ဆာလံ ၁၂၈း၁
Post a Comment Blogger Facebook
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com